Thursday, July 17, 2025

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတက်ရောက်၊ ယာယီဝန်ထမ်းအိမ်ရာများ၊ ယာယီရုံးများကြည့်ရှုစစ်ဆေး



နေပြည်တော် ဇူလိုင် ၁၆

သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ယာယီဝန်ထမ်းအိမ်ရာများအနီး၌ ကျင်းပသည်။

ဦးစွာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းက ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် အရာထမ်းအမှုထမ်းများက ကျွန်းပင် ၁၁၀၊ ပိတောက်ပင် ၅၀၊ ပျဉ်းကတိုးပင် ၅၀၊ ခရေပင် ၅၀ စုစုပေါင်း ၂၆၀ ကို အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးကြသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် ခုံရုံးအဖွဲ့ဝင်များသည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး စိုက်ပျိုးပြီး သစ်ပင်များ ရှင်သန်ဖြစ်ထွန်းရေးအတွက် စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ကြရန် မှာကြားသည်။

ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ယာယီဝန်ထမ်းအိမ်ရာများတွင် နေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို လိုက်လံကြည့်ရှုအားပေးစကားပြောကြားပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးယာယီရုံးတွင် ဝန်ထမ်းများ ရုံးလုပ်ငန်းများပုံမှန်ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment