နေပြည်တော် ဇူလိုင် ၁၆
ငါးသယံဇာတတိုးပွားလာစေရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် မိသားစုများ၏ ၂၀၂၅ ခုနှစ် မိုးရာသီငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မင်္ဂလာကန်၌ ကျင်းပသည်။
အခမ်းအနားသို့
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ဇနီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်
တရားသူကြီးများနှင့် ဇနီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊
ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ
တက်ရောက်၍ ငါးမျိုးများစိုက်ထည့်ပေးကြသည်။
ယနေ့ကျင်းပသည့်
ငါးမျိုးစိုက်ထည့်သော အခမ်းအနားတွင် လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာနက ပံ့ပိုးပေးသည့် ငါးမြစ်ချင်း ၅၀၀၀ နှင့် ငါးခုံးမကြီး ၅၀၀၀ စုစုပေါင်း
ငါးသားပေါက်ကောင်ရေ ၁၀၀၀၀ ကို မင်္ဂလာကန်တော်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment