အင်းစိန် ဇူလိုင် ၁၆
ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဒေသရှိ နယ်မြေခံသင်တန်းကျောင်းတွင်ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းသန်း၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အုပ်ချုပ်သူနည်းပြများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းအုပ်ကြီးအား
သင်တန်းသားတပ်ခွဲများက အလေးပြုကြပြီး နိုင်ငံတော်အလံကို အလေးပြုကြကာ ကျောင်းအုပ်ကြီးက သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားကာ သင်တန်းသားတပ်ခွဲများကို
ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ
ကျောင်းအုပ်ကြီးက လက်ခံရယူသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား(၂၉၃)ဦးအား
ကိုယ်လက်ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်၊
စစ်နည်းဗျူဟာဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊
စစ်မြေပြင်အုပ်ချုပ်မှုဘာသာရပ်နှင့် အထွေထွေဘာသာရပ်များကို
သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ်(၁၀)ပတ်ကြာ
သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)
No comments:
Post a Comment