Wednesday, July 16, 2025

ညောင်ရွှေမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၄- ၂၀၂၅ ခုနှစ် ထိခိုက်ပျက်စီးသော နွေစပါးစိုက် တောင်သူများအား စိုက်ပျိုးရေးသွင်းအားစု ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ

 


ညောင်ရွှေ ဇူလိုင် ၁၆

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ခုနှစ် ထိခိုက်ပျက်စီးခဲ့သည့် နွေစပါးစိုက်တောင်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၁) နာရီက ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။



ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကားပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးချိုနိုင်ထွန်းက စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ထိခိုက်ပျက်စီးခဲ့သည့် နွေစပါးစိုက်တောင်သူများအတွက် စိုက်ပျိုးရေးသွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာများနှင့် မျိုးစပါးများ အသီးသီးပေးအပ်ခဲ့ကြပြီး စိုက်ပျိုးရေးတောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အခမ်းနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားတက်ရောက်လာသည့် စိုက်ပျိုးရေးတောင်သူများအား ရင်းရင်းနှီးနှီးလိုက်လိုက်နှုတ်ဆက် အားပေးစကားပြောကြားခဲ့ ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ

No comments:

Post a Comment