ပဲခူး ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၅) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏
လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မိုးစပါးအား ဇူလိုင်လကုန်မတိုင်မီထွန်တုံးပိတ်နိုင်ရေး ကြိုးစားဆောင်ရွက်မှသာ
လာမည့်ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးရာသီစက်ဝန်းမှန်ကန်နိုင်မှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် မျိုးစေ့ချကိရိယာ
Drun Seeder ဖူလုံမှုရှိစေရေးစိုက်ဧကအပေါ်မူတည်၍ ရေတော်မိုးတော်ဧကများနှုတ်ကာ
ကျန်ရှိသည့် ဧကမှ Drun Seeder (၁) လက်လျှင် တစ်ရက်(၄.၅)ဧကနှုန်းဖြင့် စိုက်ပျိုးချိန်
ရက်(၂၀)အတွက် အမှန်တကယ်လိုအပ်သည့်
ပမာဏကို ပဲခူးတိုင်းဒေသကြီးမှ ထုတ်လုပ်သည့် မျိုးစေ့ချကိရိယာ
Drun Seeder များ အချိန်တိုအတွင်း
ဖြည့်ဆည်းပေးသွားမှာဖြစ်ကြောင်း၊ မိုးရာသီအတွင်း စိုက်ပျိုးသည့် သီးနှံများအလိုက်
ပန်းတိုင်အထွက်နှုန်းရရှိရေးကို အသိပညာပေးခြင်းအပြင်
ကျေးရွာအလိုက် ကွင်းဆင်းသရုပ်ပြသခြင်းများဖြင့် တွန်းအားပေးဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိုးရာသီသည် မည်သည့်အပင်မဆို ရှင်သန်ဖြစ်ထွန်းနိုင်
သည့်ရာသီဖြစ်၍ မြေလွတ်ရှိသည့် ကားလမ်းဘေးဝဲယာတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် အနည်းငယ်သာကျန်ရှိသည့် တစ်သီးစိုက်ဧကများအား
သီးထပ်စွမ်းအား တိုးတက်စေရေးနှင့်
တောင်သူများဘဝလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ပဲပိစပ်အား သီးထပ်စိုက်ပျိုးသွားနိုင်ရေး မြေစမ်းသပ်ခြင်းအတူ
တောင်သူအသိပညာပေး သရုပ်ပြစံပြစိုက်ခင်းများ
စိုက်ပျိုးပြသပေးသွားရမှာဖြစ်ကြောင်း၊ ဓါတ်မြေဩဇာအလွန်အကျွံသုံးစွဲမှုအား တားဆီးရန်နှင့် သဘာဝမြေဩဇာနှင့် အကျိုးကျတွဲဘက်သုံးစွဲနိုင်ရေး၊ ဘက်ပေါင်းစုံပိုးမွားကာကွယ်ရေးစနစ်တို့အား ကျင့်သုံးနိုင်ရေး
ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးသွားရမှာဖြစ်ကြောင်း၊ တစ်ဧကစိုက်ပျိုးထုတ်လုပ်စရိတ်
လျော့ကျနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး နည်းလမ်းပေါင်းစုံဖြင့်
ပံ့ပိုးကူညီပေးမှသာ ဒေသတွင်းကုန်ဈေးနှုန်းလျော့ကျလာမှာဖြစ်ကြောင်းနှင့် နောက်အပတ်အစည်းအဝေးတွင်
ဆောင်းသီးနှံစိုက်ပျိုးမည့် လုပ်ငန်းစီမံချက်အား
ရှင်းလင်းတင်ပြပေးရန် ပြောကြားခဲ့သည်။
ထို့နောက် တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ပဲခူးခရိုင်၊ ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့်
သာယာဝတီခရိုင်တို့မှ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးများက မြို့နယ်အလိုက် မိုးရာသီတွင် စိုက်ပျိုးလျက်ရှိသည့်
သီးနှံများအလိုက် လက်ရှိစိုက်ပျိုးပြီးစီးမှုအခြေအနေ၊ စိုက်ပျိုးသီးနှံအလိုက်
ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်သွားမည့်
လုပ်ငန်းစီမံချက်နှင့် ဒေသတွင်း ဆန်၊
ဆီဖူလုံရေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များအား
Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးက ခရိုင်အလိုက် တင်ပြချက်များနှင့် ပတ်သက်၍ သုံးသပ်အကြံပြုတင်ပြခဲ့သည်။
ယင်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က သွင်းအားစုဓါတ်မြေဩဇာရရှိမှုအပေါ်မူတည်၍ မြို့နယ်အလိုက် တောင်သူတစ်ပိုင်တစ်နိုင် သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေးနှင့် အသိပညာပေးခြင်းလုပ်ငန်းများ
အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားရန်ကိုလည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးစိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုအဖွဲ့
အဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍအလိုက်
ရှင်းလင်းအကြံပြုတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက
မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်သည်များ အသေးစိတ်ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း
သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)
No comments:
Post a Comment