ပေါင် ဇူလိုင် ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ဦးတည်ချက်များအနက် စိုက်ပျိုးရေးနှင့်မွေးမြူရေး ကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့်ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် ရေးအတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ဇူလိုင် ၁၅ ရက်နေ့ နံနက်ပိုင်းကပေါင်မြို့နယ်၊ ကျုံကဥယျာဉ်ခြံလုပ်ငန်းဆောင်ရွက်မှုများကို သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ရှင်းလင်းဆောင်တွင် ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ကျုံကဥယျာဉ်ခြံတာဝန်ခံအရာရှိ ဒေါ်ခင်ချိုလတ်က ခြံလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျုံကဥယျာဥ်ခြံ စတင်တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း(၅၀)ကျော်လွန်ခဲ့ပြီးစတင်ချိန်ကအုန်းမျိုးပွားခြံအဖြစ်စတင်ခဲ့ပြီး ယခုအခါဒေသတွင်းဖြစ်ထွန်းသည့် မင်းဂွတ်၊ ကြက်မောက်၊ ဒူးရင်း သီးနှံများ အစားထိုးစိုက်ပျိုးပြီး မင်းဂွတ်သီးနှံအဓိက စိုက်ပျိုးသည့်ခြံဖြစ်ကြောင်း၊ ဥယျာဉ်ခြံသီးနှံ မျိုးကောင်းမျိုးသန့်ပျိုးပင်များထုတ်လုပ်၍ တောင်သူလက်ဝယ်အရောက်ဖြန့်ဖြူးပေးရေး၊ သီးနှံပင်စိုက်ပျိုးထိန်းသိမ်းထုတ်လုပ်ရေး၊ တိုးတက်ပြောင်းလဲလာသော စိုက်ပျိုးနည်းစနစ်များအား တောင်သူသိရှိနိုင်ရန် ပညာပေးလုပ်ငန်းများဆောင်ရွက်ကြစေရေး၊ ဥယျာဉ်ခြံလုပ်ငန်းများအား အသုံးချသုတေသန(Apply Research)များနှင့် ပေါင်းစပ် ၍ သုတေသနရလဒ်များအား တောင်သူလက်ဝယ်အရောက် ပညာပေးခြင်းလုပ်ငန်းများအား ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဥယျာဉ်ခြံအတွင်း နှစ်(၅၀)သက်တမ်းရှိ မင်းဂွတ်ပင်ကြီးများအောင်မြင်ဖြစ်ထွန်းနေမှု၊ နှစ်ရှည်ပင်ကြီးများ ကိုင်းဆက်ပင် ဖူးဆက်ပင်များ လက်တွေ့သရုပ်ပြဆောင် ရွက်နေမှု၊ မျိုးပွားကော်ဖီပျိုးပင်၊ ကြက်မောက်ပျိုးပင်နှင့် ဒူးရင်းပျိုးပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှုအခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ကျုံကခြံထွက်ပျိုးပင်များ အရောင်းအဝယ်ဖြစ်ထွန်းမှုအခြေ အနေတို့ကို မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါင်မြို့နယ်၊ ရဲဗြားကုန်းကျေးရွာ ဦးတင်မြင့်၏ အသားတိုးဝက်မွေးမြူရေးခြံသို့ရောက်ရှိရာ
ရှေးဦးစွာ ရှင်းလင်းဆောင်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့်
ဝက်မွေးမြူရေးခြံပိုင်ရှင်တို့က ဝက်မွေးမြူရေးဆိုင်ရာအချက်အလက်များ၊ ဝက်မွေးမြူထားရှိမှုအခြေ အနေများကို
ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများကို
သဘာဝဓာတ်မြေဩဇာများအဖြစ် ထုတ်ယူသုံးစွဲနိုင်ရေးဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ သဘာဝဓာတ်မြေဩဇာများပြားစွာရရှိစေရေး
စနစ်ကျသည့် မွေးမြူရေးလုပ်ငန်းများအဖြစ် ဆောင်ရွ က်ကြရန်လိုကြောင်း၊ မျိုးကောင်းမျိုးသန့်များကို
ဒေသအတွင်း အခြားတစ်ပိုင်တစ်နိုင် မွေးမြူသူများအား မွေးမြူနိုင်ရေးအတွက် ကြိုးစားထုတ်လုပ်သွားကြရန်
မှာကြားကာ ဝက်မွေးမြူရေး အဆောင်အတွင်းရှိ အသားတိုးဝက်အကောင်ရေ (၁၃၃)ကောင်အောင်မြင်စွာ
မွေးမြူထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
မွန်မလေး
(ပြန်/ဆက်)
No comments:
Post a Comment