နေပြည်တော်
ဇူလိုင် ၁၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ သစ်စိမ့်ပင်-ပေါစံခေါလမ်းပေါ်ရှိ ကွင်းအမှတ်(၁၇၂၁) ကွင်းသို့သွားရောက်ပြီး မိုးရွာသွန်းမှုများပြား၍ သကြားစက်ရိုးချောင်းရေမြင့်တက်မှုကြောင့် စိုက်ခင်းများရေဝင်ရောက်မှုအခြေအနေအားကြည့်ရှုစစ်ဆေးပြီး ရေများအမြန်ဆုံးကျဆင်းအောင်ဆောင်ရွက်ရေးကို ဝာာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့နယ်၊ နတ်သူရဲ ကျေးရွာအုပ်စု၊ တာတိုင်ကုန်းရွာ ကွင်းအမှတ်(၁၇၁၁)သို့သွားရောက်ပြီး မိုးစပါးစိုက်ခင်းများ ရေဝင်ရောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာရေဝင်ရောက်ပျက်စီးသည့် လယ်များမှတောင်သူများအား မိုးစပါးပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် မျိုးစပါးနှင့်သွင်းအားစုများ ပေးအပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ရာဇသင်္ဂဟလမ်းမကြီးသို့သွားရောက်ပြီး
ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများ
ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား
လူအင်အား၊ စက်ယန္တရားအင်အားတိုးမြှင့်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်၊စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊
လုပ်ငန်းသုံးကျောက်များအား သတ်မှတ်အရွယ်အစားအလိုက် အသုံးပြုရေးတို့ကို
မှာကြားခဲ့သည်။
ထို့နောက်
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်
ဇမ္ဗူသီရိအထူးကုဆေးရုံကြီးသ်ို့သွားရောက်၍ Modular
House များ ဆောက်လုပ်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး
တာဝန်ရှိသူများအား လုပ်ငန်းများ အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး ရေ၊ မီး၊
မိလ္လာများ ပြည့်စုံအောင်ဖြည့်ဆည်းဆောင်ရွက်ပေးရေးတို့ကို မှာကြားသည်။
ယင်းနောက်
ဆေးရုံအတွင်း ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးမှုများအား
ပြန်လည်ပြုပြင်ထားရှိမှုနှင့် ကျန်းမာရေးသုံးစက်ကိရိယာများကို
ပြင်ဆင်အသုံးပြုဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)
No comments:
Post a Comment