Thursday, April 24, 2025

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး နေပြည်တော်-တောင်ငူရထားလမ်းပိုင်းအတွင်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသည့် ဘူတာများ ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး



နေပြည်တော် ဧပြီ ၂၃

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး မြထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက RBE အထူးရထားဖြင့် နေပြည်တော်ဘူတာမှ တောင်ငူ ဘူတာ လမ်းပိုင်းတစ်လျှောက်ရှိ ရထားများ အမြန်နှုန်းမြှင့်တင် နိုင်ရေးအတွက် ရထားလမ်းများ၊ တံတားများအဆင်မြှင့်တင်ဆောင်ရွက်နေမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ထားသည့် ဘူတာများ ပြန်လည်မွမ်းမံတည်ဆောက်ရန် လိုအပ်မှုကို ကြည့်ရှုစစ်ဆေးခဲ့ သည်။

အသေးစိတ်မှာကြား

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်ဘူတာမှ တစ်ဆင့် ရွာတော်ဘူတာ၊ ပျဉ်း မနားဘူတာ၊ ပြည်ဝင်ဘူတာ၊ ဧလာ ဘူတာ၊ သာဝတ္ထိဘူတာ၊ ရေနီ ဘူတာ၊ မြို့လှဘူတာ၊ သာဂရ ဘူတာ၊ ဆွာဘူတာ၊ ကုန်းကြီး ဘူတာ၊ ရေတာရှည်ဘူတာ၊ ကျွန်း ကုန်းဘူတာ၊ ကျေးတောဘူတာ တို့ကို ကြည့်ရှုစစ်ဆေးပြီး ပြိုကျ ပျက်စီးသွားသောဘူတာများ ဖြိုချ ရှင်းလင်းရေး၊ အကြီးစားပြင်ဆင် ရန်၊ အလတ်စားနှင့် အငယ်စား ပြင်ဆင်ရန်လိုအပ်သည့် ဘူတာများ ကို အမြန်ဆုံးပြန်လည် ပြင်ဆင် နိုင်ရေး၊ ဖျက်သိမ်းသင့်သော ဘူတာများဖြစ်နေပါက စနစ်တကျ စိစစ်ပြီး တင်ပြဖျက်သိမ်း နိုင်မည့်လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်၊ အသစ်တည်ဆောက်ရမည့် ဘူတာများကို ဘူတာအငယ်၊ ဘူတာအလတ်၊ ဘူတာအကြီး သတ်မှတ်ချက်အတိုင်း ဘူတာအဆောက်အအုံပုံစံ ဒီဇိုင်းများနှင့် Estimation များ တွက်ချက်၍ အမြန်ပြန်လည်တင်ပြပြီး ခွင့်ပြုချက် ရယူဆောင်ရွက်သွားရန် တို့ကို အသေးစိတ်မှာကြားခဲ့သည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တောင်ငူဘူတာတွင် ဘူတာနှစ်ထပ် အဆောက်အအုံ၏ အပေါ်ထပ်ရှိ ငလျင်ဒဏ်ထိခိုက်ခံရသည့် ရထားထိန်းချုပ်ရေးရုံးနှင့် မြန်မာနိုင်ငံ ရထားရဲတပ်ဖွဲ့ရုံးတို့ကို ကြည့်ရှု စစ်ဆေးပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးနေသည့် မလိုအပ်သည့် အဆောက်အအုံ အစိတ်အပိုင်းအချို့အား ရှင်းလင်းထားရန်နှင့် လိုအပ်သည့် အတိုင်းအတာအလျောက် ပြင်ဆင်ပေးနိုင်ရန်အတွက် ခန့်မှန်းကုန်ကျစရိတ်ကို တွက်ချက်တင်ပြ သွားရန်တို့ကို မှာကြားခဲ့သည်။

တွေ့ဆုံအားပေး

ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း ပြည်ဝင်ဘူတာ၊ ရေနီဘူတာ၊ မြို့လှဘူတာ၊ ကုန်း ကြီးဘူတာ၊ ကျေးတောဘူတာနှင့် တောင်ငူဘူတာတို့ရှိ ပို့ဆောင်ရေးဝန်ထမ်းမိသားစုများနှင့် လည်း ကောင်း၊ ရထားလမ်းပိုင်းအတွင်း မိုင်နှုန်းမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြသည့် မြို့ပြ အင်ဂျင်နီယာ ဝန်ထမ်းများနှင့် လည်းကောင်း တွေ့ဆုံအားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment