နေပြည်တော် ဧပြီ ၂၃
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲများ၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
မြန်မာ့သင်္ကြန်နှင့်
မြန်မာ နှစ်သစ်ကူးရုံးပိတ်ရက်ရှည်ကာလပြီးဆုံးပြီးနောက် ၂၀၂၅ ခုနှစ် ဧပြီ ၂၂ ရက်တွင်
မြန်မာ့စီးပွားရေးဘဏ်များအနေဖြင့် ပင်စင်လစာ ထုတ်ပေးခြင်းအပါအဝင် ဘဏ် လုပ်ငန်းဆောင်တာများကို
စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိ သည်။
မြန်မာ့ စီးပွားရေးဘဏ်၊
ပျဉ်းမနားမြို့နယ်ဘဏ်ခွဲတွင် ပင်စင်စားဝန်ထမ်း ၁၇၄၆၇ ဦးနှင့် ပုဗ္ဗသီရိမြို့နယ်ဘဏ်ခွဲတွင် ပင်စင်
စားဝန်ထမ်း ၆၀၀၈ ဦးရှိပြီး ၎င်းတို့၏ ပင်စင်လစာထုတ်ပေးမှုများ ကို မြန်မာ့စီးပွားရေးဘဏ်များက
စနစ်တကျဝန်ဆောင်မှု ဆောင် ရွက်ပေးလျက်ရှိသည်။
ဒုတိယ ဝန်ကြီးချုပ်နှင့်
ပြည်ထောင်စုဝန်ကြီးက မြန်မာ့ စီးပွားရေးဘဏ် ပျဉ်းမနားနှင့် ပုဗ္ဗသီရိမြို့နယ် ဘဏ်ခွဲများတွင်
အငြိမ်းစားဝန်ထမ်းများသို့ ပင်စင်လစာငွေများ ထုတ်ပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး အငြိမ်းစား
ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ထို့နောက် ပင်စင် လစာများ လာရောက်ထုတ်ယူကြသော
အငြိမ်းစားဝန်ထမ်းများအား အလှူရှင်များက လှူဒါန်းဧည့်ခံ ကျွေးမွေးမှုကို အားပေးကြည့်ရှုခြင်း၊
အငြိမ်းစားဝန်ထမ်းများနှင့် ဘဏ်ဝန်ထမ်းများအား စားသောက် ကုန်များ ပံ့ပိုးပေးခြင်းများ
ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ငလျင်ဘေးဒဏ်
ကြောင့် ပျဉ်းမနားမြို့နယ်ဘဏ်ခွဲ ၏ ထိခိုက်ပျက်စီးမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး မွမ်းမံပြင်ဆင်နေမှုအခြေအနေများအပေါ် လိုအပ်သည်များ
ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။
နေပြည်တော်ရှိ
မြန်မာ့စီးပွားရေးဘဏ်ခွဲများအနေဖြင့် မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး မှုများကို
အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက်ခဲ့ကြပြီး ဘဏ် လုပ်ငန်းများ၊
အငြိမ်းစားဝန်ထမ်း များအတွက် အငြိမ်းစားလစာများကို e-Pension ကတ်ဖြင့် ထုတ် ပေးခြင်းနှင့်
အခြားဘဏ်ခွဲများတွင် ထုတ်ယူရရှိနိုင်ရေးကိစ္စများကို ပုံမှန်ဆောင်ရွက်ပေးလျက် ရှိကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment