မုံရွာ မတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းပွဲပိုင်းတွင် စစ်ကိုင်းစက်မှုဇုန်ရှိ တစ်ရက်လျှင် ၅၀ ကီလိုဂရမ် ကွန်ပေါင်းဓာတ်မြေဩဇာ အိတ် ၂၀၀၀ ထုတ်လုပ်နေသည့် “သုတသုခ” ဓါတ်မြေဩဇာစက်ရုံသို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း ကွန်ပေါင်းဓာတ်မြေဩဇာ ၁၃ မျိုး ထုတ်လုပ်နေမှုများနှင့် ထုတ်ပိုးမှုပုံစံအဆင့်ဆင့်တို့အား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က
ထုတ်လုပ်နေသည့် ဓာတ်မြေဩဇာများ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်သွားရေး၊
တောင်သူများဈေးနှုန်းသက်သာစွာဖြင့် လုံလောက်စွာဝယ်ယူရရှိအောင်
ထုတ်လုပ်သွားရေးတို့အားမှာကြားကာ ဓါတ်မြေဩဇာစက်ရုံအတွင်းနှင့် ဓာတ်မြေဩဇာ
ဓာတ်ခွဲခန်းတို့အား လိုက်လံကြည့်ရှုခဲ့ကြသည်။
ယင်းနောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှုဇုန်ရှိ နီဖန်း
EV ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်အမျိုးမျိုး ထုတ်လုပ်နေသည့် “မဟာနီလာ”
ကုမ္ပဏီသို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း နှစ်ဘီးဆိုင်ကယ်၊
သုံးဘီးဆိုင်ကယ် ထုတ်လုပ်နေမှုများအား လိုက်လံရှင်းလင်းပြသရာ
တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို
တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စည်ပင်သာယာရေးအဖွဲ့နှင့် စက်မှုလုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်နေသည့်
စစ်ကိုင်းစက်မှုဇုန်ရှိ အမှတ် ၆ လမ်း ကိုယ်အားကိုယ်ကိုး
ကွန်ကရစ်လမ်းခင်းကျင်းနေမှု လုပ်ငန်းခွင်သို့ရောက်ရှိရာ တည်ဆောက်ရေးတာဝန်ခံမှ
စစ်ကိုင်းစက်မှုဇုန်အမှတ် ၆ လမ်း အရှည် ၄၅၀၀ ပေ၊ အကျယ် ၁၈ ပေ၊ ၉
လက်မထုခင်းကျင်းနေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍
တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍
ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်
ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး ပြန်/ဆက်
No comments:
Post a Comment