မုံရွာ မတ် ၁၃
3Rs စနစ်ကိုလိုက်နာခြင်းနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်တတ်စေရေး အသိပညာပေးပွဲအခမ်အနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်ရှိ ကျောင်းခန်းမတွင်ကျင်းပပြုလုပ်ရာ အခမ်းနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ယင်းနောက်
တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက 3Rs စနစ်ကိုလိုက်နာခြင်းနှင့်အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်တတ်စေရေး
အသိပညာပေးအကြောင်းအား Power Point ဖြင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး
တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးထံ အမှိုက်ပုံးများပေးအပ်ပြီး
အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့်
တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှကျင်းပသည့် ဧရာဝတီမြစ်အတွင်း အမှိုက်စွန့်ပစ်ခြင်းအား
ကာကွယ်တားဆီးရေးလှုပ်ရှားမှု Campaign သို့ တက်ရောက်ကြသည်။
ဦးစွာ
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊
တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များက
စစ်ကိုင်းပညာရေးဒီဂရီကောလိပ်ကျောင်းရှေ့မှစတင်၍ တာဝါတိုင်ဆိပ်အထိ တစ်ပျော်တစ်ပါးပလပ်စတစ်အမှိုက်များအား
စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဧရာဝတီမြစ်အတွင်း အမှိုက်စွန့်ပစ်ခြင်းအား
ကာကွယ်တားဆီးရေးလှုပ်ရှားမှု Campaign သို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊
ရပ်ကွက်နေပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များအား နံနက်စာများ ဝေငှပေးခဲ့ကြသည်။
ဆက်လက်၍
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းပညာရေးဒီဂရီကောလိပ်ရှိ
ထမင်းစားဆောင်၌ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ
အထူးနေ့လည်စာအား အတူတကွသုံးဆောင်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ကျောင်းအုပ်ဆရာမကြီးထံ
ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး
ပြန်/ဆက်
No comments:
Post a Comment