Saturday, February 22, 2025

ဒုတိယဝန်ကြီး ဦးဝင်းရှိန် ရွှေလင်ပန်းစက်မှုဇုန်နှင့် မင်္ဂလာဒုံစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများသို့ ကွင်းဆင်းအားပေး

 

ရန်ကုန် ဖေဖော်ဝါရီ ၂၁

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများဖြစ်သည့် Handa Yangon Garment Co ., Ltd.၊ Sinoproud Myanmar Garment Co ., Ltd. နှင့် Tianjin Fashion Milestone Co .,Ltd. များမှ အလုပ်ရှင်၊ မန်နေဂျာ၊ အခြေခံအလုပ်သမားအဖွဲ့အစည်း ဝင်များနှင့်တွေ့ဆုံ၍ စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရေး၊ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ အလုပ်သမား အဖွဲ့အစည်းဝင်များနှင့် အလုပ်ရှင်များ ပူးပေါင်းဆောင်ရွက်ရေး၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ရရှိခံစားနိုင်ရေးတို့ကို တွေ့ဆုံမှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်ရှိ အထည်ချုပ်စက်ရုံများ ဖြစ်သော THY Garment Co., Ltd. နှင့် Musung Garment Co., Ltd. တို့သို့သွားရောက်၍ အလုပ်ရှင်၊ အလုပ်သမားများကို တွေ့ဆုံအားပေးပြီး စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူး များ၊ စက်ရုံအလုပ်သမားအဖွဲ့ အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်း ရေးကော်မတီဝင်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင် အခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် စက်ရုံအလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ(WCC)၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများအနေဖြင့် အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ သက်ဆိုင်ရာဌာနများ၏ စည်းကြပ်ဆောင်ရွက်ပေးမှုများကို အလေးထားလိုက်နာရန်၊ အလုပ်ရှင်နှင့် အလုပ်သမားများအနေဖြင့် ရှောင်ရန်၊ ဆောင်ရန်အချက်များကို သိရှိလိုက်နာဆောင်ရွက်ရန်မှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကာအလုပ်သမားများကို ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment