နေပြည်တော် ဖေဖော်ဝါရီ ၂၁
နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းများ၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဝန်ထမ်းများစည်းလုံးညီညွတ်ရေး၊ လုပ်ငန်းခွင်ပျော်ရွှင်စေရေး၊ ဝန်ထမ်းများအကြား အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုနှင့် အဖွဲ့အစည်းစိတ်ဓာတ်ဖြစ်ပေါ်ခိုင်မာအားကောင်းလာစေရေး၊ ပျော်ရွှင်စွာဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းရေးဟူသော ရည်ရွယ်ချက်များဖြင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၉) နိုင်ငံခြားရေးဝန်ကြီးဌာန၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ထမနဲထိုးပြိုင်ပွဲသို့ အထူးဧည့်သည်တော်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးလွင်ဦးနှင့် ဦးကိုကိုကျော်၊ သံအမတ်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများစုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ထမနဲထိုးပြိုင်ပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးရုံးနှင့် ဦးစီးဌာနတို့မှ ဌာနအလိုက် အရာထမ်း၊ အမှုထမ်းများပါဝင်သည့် ပြိုင်ပွဲဝင်အသင်းရှစ်သင်းတို့က မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာအတိုင်း အမှတ်ပေးသတ်မှတ်ချက်များနှင့်အညီ အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်ကြပြီး ဝန်ထမ်းများကလည်း ဦးစီးဌာနအလိုက် အိုးစည်ဒိုးပတ်များဖြင့် တီးမှုတ်ကခုန်၍ ပျော်ရွှင်စွာအားပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိ သူများက ပြိုင်ပွဲဝင်အသင်းများ၏ ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှု များကို လိုက်လံကြည့်ရှုအားပေးပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် အသင်းများကို ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment