နေပြည်တော် ဇန်နဝါရီ ၈
အမျိုးသားအဆင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့
ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာစိုးဝင်း၊ ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊
မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့်
မြန်မာနိုင်ငံမသန်စွမ်း သူများအသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်လူမှုဝန်ထမ်း ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး အခြေအနေ လွှမ်းခြုံမှုနှင့်ပတ်သက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အသက်ခြောက်လမှ ရှစ်နှစ် အရွယ်အထိ ၃၅ ဒသမ ၂၄ ရာခိုင်နှုန်းရှိကြောင်း၊ ၎င်းတို့အနက်
အသက်သုံးနှစ်မှ ငါးနှစ်အထိ ၂၂ ဒသမ ၄၄ ရာခိုင်နှုန်းရှိပြီး အသက်ခြောက်နှစ်မှ ရှစ်နှစ်အထိ
၈၃ ဒသမ ၁ ရာခိုင်နှုန်းရှိသည်ကို တွေ့ရ ကြောင်း၊ ထို့ ကြောင့် မြို့နယ်တစ်မြို့နယ်တွင်
စံပြမူလတန်းကြို ကျောင်းတစ်ကျောင်း ရှိရန်လိုအပ် သောကြောင့် ဆောက်လုပ်ရန်စီမံကိန်းကို
ထည့်သွင်းရေးဆွဲထားကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဗဟို
ကြီးကြပ်ရေးအဖွဲ့၏ “ရန်ပုံငွေဆိုင် ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ”ကို အတည်ပြုထုတ်ပြန်နိုင်ခဲ့ပြီး
ရန်ပုံငွေထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊
ဗဟိုကြီးကြပ်ရေး အဖွဲ့အနေဖြင့် ကောက်ခံရမည့် အခကြေးငွေများအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏
အတည်ပြုချက် ရယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များအနေဖြင့်လည်း
ထုတ်ပြန် ထားပြီးဖြစ်သည့် ဘဏ္ဍာရေးလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရန်
လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားအဆင့်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့်
အဖွဲ့ဝင်များက ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးရေး ဆိုင်ရာများကို လည်းကောင်း၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်လူမှု ဝန်ထမ်းဦးစီးမှူးများ ကိုယ်စား လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးက နေပြည်တော်၊
တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ကလေးသူငယ် ဖွံ့ဖြိုးရေးကဏ္ဍဆောင်ရွက်နေမှုများကိုလည်းကောင်း
ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူ များက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက
နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment