Thursday, January 9, 2025

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရခိုင်ပြည်နယ်မှ တွဲဖက်တာဝန်ချထားသည့်ဝန်ထမ်းများနှင့် တွေ့ဆုံ



နေပြည်တော် ဇန်နဝါရီ ၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်သည် ယနေ့နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီးအတွင်း ရခိုင်ပြည်နယ်မှ တွဲဖက်တာဝန်ချထားသည့် ဝန်ထမ်းများအား မြောက်ပိုင်း ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆွေးနွေး

တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ဗဟိုကော်မတီက ပေးပို့လာသော e-ID လူဦးရေစာရင်းများကို ဗဟိုမဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ် CVLMS သို့ ထည့်သွင်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဝန်ထမ်းများ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်း တွဲဖက်တာဝန်ချထားသည့် ရခိုင်ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ အရာထမ်း၊ အမှုထမ်းတို့က လိုအပ်သည်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment