နေပြည်တော် ဇန်နဝါရီ ၈
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသား မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းသား
ကျောင်းသူများက ဘင်ခရာတီးဝိုင်းဖြင့် နိုင်ငံတော်အလံကို အလေးပြုကြပြီး “ ကြိုဆိုပါသည်
စုံညီပွဲတော်” သီချင်းဖြင့်အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး
ပညာရေးစုံညီပွဲတော်အတွက် ချီးမြှင့်ငွေများ ပေးအပ်ရာ တာဝန် ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။
ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်နယ် အဆင့် ထူးချွန်ဆုရရှိသူများ၊ တက္ကသိုလ်ဝင်တန်းတွင်
ဂုဏ်ထူးရရှိခဲ့သူများ၊ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်တွင် အတန်းအလိုက် ပညာရည်ချွန်ဆုရရှိသူများနှင့်
မြို့နယ်အဆင့် ထူးချွန်ဆုရရှိသူ ကျောင်းသား ကျောင်းသူများကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် တိုင်းမှူး နှင့် တက်ရောက်လာကြသူများက ကျောင်းသား ကျောင်းသူများ၏ ကပြဖျော်ဖြေမှုများကို
ကြည့်ရှု အားပေးခဲ့ကြပြီး သင်ထောက်ကူပြခန်းနှင့် သိပ္ပံပြခန်းများအတွင်း ခင်းကျင်းပြသထားသည့်
ပစ္စည်း များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment