မောင်သောင်းဝင်း(တမန်ဟောင်း)
ပညာရေးသည် လူတစ်ဦး၏ဘဝ တိုးတက်အောင်မြင်ရေးအတွက် များစွာအရေးပါသည်။ ပညာရေးသည် လူတစ်ဦးကျွမ်းကျင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြု လျက်ရှိသည်။ ငယ်စဉ်ကတည်းက ပုံမှန်ပညာရေးကို စဉ်ဆက်မပြတ် သင်ယူခဲ့သော လူငယ်များသည် ပညာရဲရင့် ပွဲလယ်တင့်ဆိုသည့်အတိုင်း အသိပညာနှင့် အတတ်ပညာရှိသူများသည် သူတစ်ပါးလိမ်လည် လှည့်ဖြားခံရမှုအလားအလာ နည်းပါးလျက်ရှိသည်။
ထို့ပြင် လက်ရုံးရည်
နှလုံးရည်ပြည့်ဝသော လူငယ်များသည် မိမိအကျိုးအပြင် အများအကျိုးကို လည်း သယ်ပိုးလိုသောဆန္ဒရှိနေကြသည်။
ပညာဆိုသည်မှာ လေ့လာသင်ယူအားထုတ်နိုင်မှုအပေါ် မူတည်၍ တတ်သိနားလည်မှု၊ ရပ်တည်နိုင်မှုတို့မှာလည်း
ကွဲပြားသွားကြသည်။ ငယ်စဉ်ကတည်းက အတတ် ပညာတစ်ခုခုကို တစိုက်မတ်မတ်လေ့လာသင်ယူခဲ့သူများသည်
အသက်အရွယ်ရလာသည့် အချိန်တွင် စားဝတ်နေရေးအတွက် ပူပန်စရာမလိုတော့ပေ။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်များအနေဖြင့်
တန်ဖိုးရှိသောလူငယ်ဘဝကို ကျောင်းစာအပါအဝင် အတတ်ပညာတစ်ခုခုသင်ယူရင်း ဖြတ်သန်းသွားသင့်သည်။
ပညာရေးစုံညီပွဲတော်များ
ကျင်းပ
၂၀၂၄ -၂၀၂၅ ပညာရေးစုံညီပွဲတော်များကို
ဇန်နဝါရီ ၃ ရက်တွင် နိုင်ငံတစ်ဝန်းရှိ ကျောင်းများ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်ကို
နိုင်ငံပိုင်သတင်းမီဒီယာများတွင် ထုတ်ပြန်ခဲ့သည်။ ပညာရေးဝန်ကြီးဌာနသည် ပညာရေးပြက္ခဒိန်၌
နှစ်စဉ် ဇန်နဝါရီ ၃ ရက်ကို ပညာရေးစုံညီပွဲတော်နေ့ အဖြစ်သတ်မှတ်ပြီး ဆုချီးမြှင့်ပွဲ၊
စွမ်းရည်ပြပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို တစ်နိုင်ငံလုံး ကျင်းပဆောင်ရွက် ခဲ့သည်။
ကျောင်းသား ကျောင်းသူများ၏ စွမ်းဆောင်မှုများကို ထုတ်ဖော်ဂုဏ်ပြုနိုင်ရေး အတွက် ထိုပွဲတော်ကို
၁၉၉၈-၁၉၉၉ ပညာသင်နှစ်မှစ၍ နှစ်စဉ်ကျင်းပလျက်ရှိသည်။ တစ်နည်းအားဖြင့် ဆိုရလျှင် ပညာရေးစုံညီပွဲတော်သည်
ပညာရေးမှတ်တိုင်တစ်ခုဖြစ်ပြီး ပညာရေးနှင့် သက်ဆိုင်သူ အားလုံး၏ ပွဲတော်ဖြစ်သည်။
ခွန်အားဖြစ်စေ
အထူးသဖြင့် ပညာရေးစုံညီပွဲတော်များ ကျင်းပလာသဖြင့်
ဘာသာရပ်အလိုက် ထူးချွန်ဆုများနှင့် နေ့ထူးနေ့မြတ်အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲစသည့်
ကာယ၊ ဉာဏထူးချွန်ဆုတံဆိပ်များလည်း ချီးမြှင့်ခဲ့သည်။ စင်စစ်အားဖြင့် ထိုဆုတံဆိပ်များသည်
မျိုးဆက်သစ်လူငယ်များ ပညာသင်ယူရာ တွင် ခွန်အားဖြစ်စေသည်။
အမှန်တော့ ဆရာ
ဆရာမများသည် ကျောင်းသားလူငယ်များကို ကျောင်းသင်ဘာသာရပ်အပြင် ဘဝတွင်ကြုံတွေ့ရမည့် ပြောဆိုဆက်သွယ်မှု၊
စီမံခန့်ခွဲမှု၊ လူမှုရေးတာဝန်သိတတ်ကျေပွန်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ပြဿနာဖြေရှင်းတတ်မှု၊
မှန်ကန်စွာ ဆုံးဖြတ်ချက်ချနိုင်မှုစသည့်တို့ကို ကျောင်းတွင်းလုပ်ငန်းများနှင့် လေ့ကျင့်ပေးသွား
ရန်လည်း လိုအပ်ပါသည်။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည်
ထိုနိုင်ငံရှိ ပြည်သူများ၊ အထူးသဖြင့် မျိုးဆက်သစ်လူငယ် များ၏ ပညာတတ်မြောက်မှုအပေါ်တွင်
များစွာမူတည်လျက်ရှိသည်။ ထို့ကြောင့် အစိုးရများအနေ ဖြင့် ပညာရေးကဏ္ဍအတွက် ငွေကြေးများစွာ
ရင်းနှီးမြှုပ်နှံလေ့ရှိကြသည်။ လူငယ်များပညာဆုံးခန်း တိုင်အောင် သင်ကြားခွင့်ရရှိရေးအတွက်
အစိုးရပိုင်းက အခမဲ့ပညာရေးစနစ်များ ဖော်ဆောင်ပေးနေ သလို မိဘအုပ်ထိန်းသူများကလည်း သား၊
သမီးများ စာသင်ခန်းအတွင်း ရောက်ရှိရေးအတွက် ထိန်းကျောင်းကြပ်မတ်ပေးသွားရန် လိုအပ်ပေသည်။
ထို့ကြောင့် တိုင်းပြည်အနာဂတ်ကို ပခုံးပြောင်း တာဝန်ထမ်းဆောင်မည့် လူငယ်များ၏ ပညာတတ်မြောက်မှုသည်
ထိုတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆုတ်ယုတ်မှုတို့အတွက် များစွာအခရာကျလျက်ရှိသည်။
အထူးသဖြင့် ပုံမှန်ပညာရေးကို
ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခြင်းသည်လူတစ်ဦး၏ ဘဝ တိုးတက်ရေးအတွက် များစွာအခရာကျလျက်ရှိသည်။
ပညာတတ်လူငယ်များပြားသော တိုင်းပြည် သည် တိုးတက်မှုဆီသို့သာ ဦးတည်စေမည်ဖြစ်သည်။ ထို့ကြောင့်
ကမ္ဘာ့နိုင်ငံတိုင်းသည် ပညာရေး နယ်ပယ်တွင် ရင်းနှီးမြှုပ်နှံလေ့ရှိကြသည်။ ထိုနည်းတူစွာ
မြန်မာနိုင်ငံသည်လည်း ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည်။
ပင်ပန်းကြမ်းတမ်းကြ
အကြောင်းအမျိုးမျိုးကြောင့်
ပညာဆုံးခန်းတိုင်အောင် သင်ကြားခွင့်မရရှိသူအများစုသည် အလုပ်ကြမ်းလုပ်ဆောင်ရင်း မိသားစုစားဝတ်နေရေးကို
ဖြေရှင်းရလေ့ရှိသည်။ တစ်နေ့လုပ် တစ်နေ့စားသမားများသည် ဝင်ငွေအပိုစုဆောင်းနိုင်ခြင်းမရှိသည့်အတွက်
အရေးပေါ်ကျန်းမာရေးနှင့် လူမှုရေးကိစ္စများပေါ်လာလျှင် အဆင်ပြေချောမွေ့စွာ ဖြေရှင်းနိုင်မည်မဟုတ်ချေ။
ထို့ပြင် သား၊ သမီးများ၏ အဆင့်မြင့်ပညာရေးအတွက်လည်း ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ချေ။
အထူးသဖြင့် ဘဝနေဝင်ချိန်ရောက်ရှိလျှင် ငွေကြေးချို့တဲ့စွာဖြင့် ဖြတ်သန်းရသောကြောင့်
နေ့စဉ်ဘဝသည် ပင်ပန်း ကြမ်းတမ်း လွန်းလှပေသည်။
အလေးထားဆောင်ရွက်လျက်ရှိ
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည်
ထိုနိုင်ငံရှိ ပြည်သူအားလုံး ပညာတတ်မြောက်မှုနှုန်းအပေါ် တွင် များစွာမူတည်လျက်ရှိသောကြောင့်
ကမ္ဘာ့နိုင်ငံအသီးသီးသည် နိုင်ငံသားများ၏ ပညာရည်မြင့်မား ရေးအတွက် ရေတို၊ ရေရှည်စီမံချက်များ၊
သုတေသန လုပ်ငန်းများဆောင်ရွက်လျက် ငွေကြေးရင်းနှီး မြှုပ်နှံ ဆောင်ရွက်လျက်ရှိကြသည်။
ထို့အတူ မြန်မာနိုင်ငံတွင်လည်း တိုင်းရင်းသားပြည်သူများမှ မွေးဖွားလာသော မျိုးဆက်သစ်ရင်သွေးငယ်များ
ပညာရည်မြင့်မားရေးအတွက် ပညာရေးကဏ္ဍတွင် ငွေကြေးမြောက်မြားစွာကျခံသုံးစွဲပြီး အလေးထားဆောင်ရွက်လျက်ရှိသည်။
ယနေ့ခေတ်ကာလသည်
ပညာခေတ်ဖြစ်လာသောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးသည် စိန်ခေါ်မှု များစွာဖြင့် ရင်ဆိုင်ရလျက်ရှိသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရသည် မျက်မှောက်ကာလစိန်ခေါ် မှုများကို ရင်ဆိုင်နိုင်မည့်
စဉ်ဆက်မပြတ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာနိုင်ရေးအတွက် လူငယ်တိုင်း
ပညာသင်ယူခွင့်ရရှိရေး စီမံဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊
ဆရာ၊ မိဘ၊ ပြည်သူများနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့တို့အကြား တက်ညီလက်ညီ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားရန်
လိုအပ် ပေသည်။
မျိုးဆက်သစ်လူငယ်များ
ထိရောက်အောင်မြင်စွာ စာပေလေ့လာသင်ယူနိုင်ရန်အတွက် ပတ်ဝန်း ကျင် အခြေအနေကောင်းများဖန်တီးပေးရန်
လိုအပ်ပေသည်။ စာသင်ကျောင်းများ၊ သင်ထောက်ကူ ပစ္စည်းများအပြင် အထောက်အကူပြု ကျောင်းစာကြည့်တိုက်များလည်း
ဖန်တီးပေးရန် လိုအပ်ပေ သည်။ အထူးသဖြင့် စာသင်ကျောင်းများသည် တိတ်ဆိတ်ငြိမ်သက်မှုရှိသည့်နေရာများတွင်သာ
ရှိသင့်ပါသည်။ ထိုသို့တိတ်ဆိတ်ငြိမ်သက်သည့်နေရာမျိုး၌ ကျောင်းသားလူငယ်များ အနှောင့်
အယှက်ကင်းစွာ ပညာသင်ကြားနိုင်သဖြင့် ထူးချွန်ထက်မြက်သည့် လူငယ်များပေါ်ထွန်းရေးတွင်
များစွာအထောက်အကူပြုပေသည်။
နိုင်ငံတစ်နိုင်ငံ
ဖွံ့ဖြိုးတိုးတက်လိုလျှင် အဓိကအားဖြင့် ပညာရေးတွင်ရင်းနှီးမြှုပ်နှံမှုဆောင်ရွက် ကြရသည်။
ထိုသို့ရင်းနှီးမြှုပ်နှံရာတွင် နိုင်ငံသားများ၏ ပညာရည်အဆင့်အတန်းမြင့်မားရေးသည် များစွာအရေးပါလျက်ရှိသည်။
အထူးသဖြင့် မျိုးဆက်သစ်များ ပညာရည်မြင့်မားနေမှသာလျှင် ထိုနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံများစာရင်းမှ
လွတ်မြောက်နိုင်မည်ဖြစ်သည်။ ထိုသို့မျိုးဆက်သစ် များ ပညာရည်အဆင့်အတန်း မြင့်မားရေးအတွက်
သင့်တော်သည့် သင်ရိုးညွှန်းတမ်းများ၊ စနစ်တကျ သင်ကြားပြသ ပို့ချပေးနိုင်မှုနှင့် စာမေးပွဲစနစ်များရှိနေရန်လိုအပ်မည်ဖြစ်သည်။
ထို့ပြင် ကလေးငယ် များ၏ တတ်မြောက်မှုအရည်အချင်းကို စမ်းသပ်စစ်ဆေးနိုင်ရန် အဆင့်မီသောမေးခွန်းများနှင့်
ပုံမှန် စစ်ဆေးမှုများ မပျက်မကွက် ပြုလုပ်ပေးသွားရန်လည်း လိုအပ်ပေသည်။
ပညာရည် မြင့်မားဖို့
အလေးထားကြစို့
စင်စစ်အားဖြင့်
ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် တိုင်းပြည်တိုးတက်ရေးကို ဖော်ဆောင်နေ ခြင်းပင်ဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများသည် မျိုးဆက်သစ်လူငယ်များ၏ ပညာရေးကို အလေးထားကြသည်။
ပညာရေးအသုံးစရိတ် သုံးစွဲနိုင်မှုအပေါ် မူတည်၍ နိုင်ငံတစ်နိုင်ငံ၏ အဆင့် အတန်းကို ဖော်ပြလျက်ရှိသည်။
နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာတွင် မျိုးဆက်သစ်များဖြင့်သာ တည်ဆောက်ကြရသည်။ မျိုးဆက်သစ်များ
ပညာပြည့်ဝနေမှသာလျှင် အနာဂတ်နိုင်ငံတော်ကြီးကိုတိုးတက်အောင် ထူထောင်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် မျိုးဆက်သစ်များကို အလေးထားသင့်ပေသည်။ အလေးထားသည်ဆိုသည်မှာ ထိုက်သင့်သည့်
နေရာပေးခြင်း၊ ပြောဆိုဆွေးနွေးခွင့်ပြုခြင်း၊ ပါဝင်ဆောင်ရွက်ခွင့်ပြုခြင်းတို့ပင်ဖြစ်သည်။
မျိုးဆက်သစ်လူငယ်များအနေဖြင့်
တိုးတက်အောင်မြင်သောဘဝ ပိုင်ဆိုင်နိုင်ရေးအတွက် ငယ်စဉ်ကတည်းက ပညာရေးတွင် အပတ်တကုတ်
ကြိုးပမ်းသွားရန် လိုအပ်သည်။ ပညာသင်ယူသည့် အရွယ်တွင် လူမှုကွန်ရက် အလွန်အကျွံအသုံးပြုခြင်း၊
ဂိမ်းကစားခြင်းနှင့် အပျော်အပါးလိုက်စားခြင်း တို့ကို တတ်နိုင်သမျှ လျှော့ချသွားရန်
လိုအပ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ ပိတ်ထားသည့်အချိန်၌ပင်လျှင် အင်္ဂလိပ်စာ၊
ကွန်ပျူတာအပါအဝင် ပညာရပ်တစ်ခုခုကို စဉ်ဆက် မပြတ် လေ့လာသင်ယူနေရန် လိုအပ်ပေသည်။ ပြိုင်ဆိုင်မှုပြင်းထန်သော
ခေတ်ကြီးတွင် လေ့လာ သင်ယူမှု ရပ်တန့်လိုက်သောသူများသည် အဘက်ဘက်မှ နောက်ကျကျန်ရစ်ခဲ့ရမည်ဖြစ်သည်။
အလားတူ မိဘအုပ်ထိန်းသူများကလည်း
မိမိသား၊ သမီးများ ပညာထူးချွန်ကာ လူတော် လူကောင်းများဖြစ်လာရေးအတွက် စနစ်တကျ မြေတောင်မြှောက်ပေးရန်
လိုအပ်သည်။ သား၊ သမီး များအား ပြုစုပျိုးထောင်ရာတွင် ငွေအား၊ လူအား စိုက်ထုတ်နိုင်မှသာလျှင်
အမှန်တကယ် အောင်မြင်မှု ရရှိနိုင်ပေသည်။ မိဘများကိုယ်တိုင်က ဝီရိယ စိုက်ထုတ်ခြင်းမရှိဘဲ
သား၊ သမီးကို ထူးချွန်အောင် တွန်းအားပေးနေမည်ဆိုလျှင်လည်း မျှော်မှန်းထားသလောက် ဖြစ်လာမည်မဟုတ်ချေ။
မျိုးဆက်သစ် များ ပညာထူးချွန်ရေးအတွက် ကျွမ်းကျင်သော ဆရာ ဆရာမများ လိုအပ်သလို သင်ထောက်ကူ
ပစ္စည်းများလည်း လိုအပ်သည်။ သား၊ သမီးများကို မိမိထက် ထူးချွန်အောင် ပြုစုပျိုးထောင်ပေးနိုင်မှသာလျှင်
မိဘဝတ္တရား ကျေပွန်မည်ဖြစ်သည်။ တချို့မိဘများသည် ကိုယ်တိုင်ပညာတတ်ကြီးများ ဖြစ်သော်လည်း
မိမိသား၊ သမီးများကိုမူ ဖြစ်သလို ပစ်ထားလေ့ရှိကြသည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်များ
ပညာထူးချွန်ပြီး လူတော်လူကောင်းများ ဖြစ်လာရေးအတွက် ဝိုင်းဝန်းပြုစုမြေတောင်မြှောက်သွားကြပါစို့ဟု
တိုက်တွန်းအကြံပြုလိုပါသည်။ ။
No comments:
Post a Comment