နေပြည်တော် ဇန်နဝါရီ ၈
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community
Monitoring and Reporting System - CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ
ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ
ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၁၄ ဒသမ ၇၅၆၄ တန်၊ သစ်မာ ၃ ဒသမ ၀၆၇၆ တန်၊
အခြား ၂၀ ဒသမ ၇၄၃၆ တန် စုစုပေါင်း ၃၈ ဒသမ ၅၆၇၆ တန်၊ ယာဉ်/ ယန္တရား ရှစ်စီး၊ တရားခံ
၂၀ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ သစ်တောဦးစီးဌာနမှ သိရ သည်။
သတင်းစဉ်
No comments:
Post a Comment