နေပြည်တော် နိုဝင်ဘာ ၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက ကျင်းပသည့် Gender/ CEDAW/ NSPAW/ AGMSF/ UNSCR 1325 အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့အောက်ရှိ ဦးစီးဌာနများမှ သင်တန်းသား သင်တန်းသူ ၃၆ ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ကမ္ဘာတစ်ဝန်းလုံးတွင် ဆောင်ရွက်နေကြသည့်
ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများနှင့် စပ်လျဉ်း၍
မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်နေသည့် Gender/ CEDAW/ NSPAW/ AGMSF/ UNSCR 1325
လုပ်ငန်းစဉ်များကို သိရှိစေရန်နှင့် မိမိတို့ဌာနက ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို
ဆွေးနွေးပြောကြားခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂကချမှတ်ထားသည့် Sustainable
Development Goals စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်အမှတ်(၅)ကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းလည်းဖြစ်ကြောင်း၊
ကျား၊ မ ရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ကဏ္ဍစုံတွင် ပါဝင်ဆောင်ရွက်စေရန်နှင့်
ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား အမျိုးသမီးများ၏ အခွင့်အရေးများကို ချိတ်ဆက်မှုကောင်းကောင်းဖြင့်
ပိုမိုမြှင့်တင်ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊
သင်တန်းသားများအနေဖြင့်လည်း သင်တန်းမှရရှိသည့် ဗဟုသုတများနှင့် သက်ဆိုင်ရာဝန်ကြီး
ဌာနအသီးသီးမှ ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ မဟာဗျူဟာ၊ ပင်မလုပ်ငန်းအစီအစဉ်များနှင့်
စီမံကိန်းများတွင် ကျား၊ မ ရေးရာကို စနစ်တကျထည့်သွင်းစဉ်းစားရေးဆွဲကြရန်၊ သင်တန်းတွင်
တက်တက်ကြွကြွ ပါဝင်ဆွေးနွေးသွားကြစေလိုကြောင်းနှင့် ယခုဖွင့်လှစ်သောသင်တန်းမှ
ရရှိသည့် ဗဟုသုတ၊ အသိပညာများကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချသွားကြစေလိုကြောင်း
တိုက်တွန်းပြောကြားသည်။
ဆက်လက်၍
သင်ခန်းစာများ ရှင်းလင်းဆွေးနွေးခြင်း၊ အပြန်အလှန်မေးမြန်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး
သင်တန်းကို နှစ်ရက်တာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment