မုံရွာ နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၁၀/၂၀၂၄) အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးခရီးသွားလုပ်ငန်း ကော်မတီများအနေဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားအမွေအနှစ် ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်များအား ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန်နှင့် ဒေသခံပြည်သူလူထုအကျိုးရှိစေမည့် လုပ်ငန်းများအားလုပ်ဆောင်ရင်း ခရီးသွားလုပ်ငန်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုလို အစည်းအဝေးပြုလုပ်ရသည့်အတွက် ဟိုတယ်၊ တည်းခိုရိပ်သာများ၏ အခြေအနေမှန်အားသိရှိရပြီး လိုအပ်ချက်များအား အချိန်နှင့်တပြေးညီပေါင်းစပ်ဖြည့်ဆည်း ညှိနှိုင်းပေးနိုင်ခြင်းတို့ကြောင့် လက်တွေ့ကျသည့်တိုးတက်မှုများနှင့် အကျိုးကျေးဇူးများရရှိနေပြီဖြစ်ပါကြောင်း၊ ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပရေး၊ ခရီးစဉ်ဒေသများအလိုက် ခရီးသွားများအတွက် လိုအပ်သည့်အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ လမ်းတံတား၊ ပလက်ဖောင်းများကအစ လှပအောင်ဆေးသုတ်ခြင်း၊ စားသောက်ဆိုင်၊ အမှတ်တရပစ္စည်းအရောင်းဆိုင်စသည်များ စည်းကမ်းတကျဖြစ်စေရေးတို့ အတွက် ခရီးသွားလုပ်ငန်းနယ်ပယ်မှ တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်သွားကြရန် လို အပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ
ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍
ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊
တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က
ခရီးသွားလုပ်ငန်းကော်မတီ ၉/၂၀၂၄ ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့်
ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များနှင့်
တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသည့်
ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း
ဒေသဆိုင်ရာခရီး သွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသများပတ်ဝန်းကျင်
များတွင်သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ ဟိုတယ်/တည်းခိုရိပ်သာ ဆိုင်ရာသင်တန်းများဖွင့်လှစ်သွားမည့်အခြေအနေများ၊
လုံခြုံရေးအခြေအနေများနှင့်ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊
တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ်
လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား
ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ပြန်/ဆက်
No comments:
Post a Comment