နေပြည်တော် နိုဝင်ဘာ ၆
လာမည့်ပွင့်လင်းရာသီတွင် ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေများသို့ သွားရောက်ကြမည့် ခရီးသည်များအတွက် နိုဝင်ဘာလအတွင်း ရန်ကုန် - ပုသိမ် ခရီးစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့များဖြစ်သည့် ၁၀၊ ၁၇၊ ၂၄ ရက်တို့တွင်လည်းကောင်း၊ ပုဂံဘုရားဖူးထွက်လိုသော ခရီးသည်များအတွက် ရန်ကုန် - ညောင်ဦးခရီးစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့များဖြစ်သည့် ၁၃၊ ၂၀၊ ၂၇ ရက်နှင့် ညောင်ဦး - ရန်ကုန် ခရီးစဉ်ကို အပတ်စဉ်တနင်္လာနေ့များဖြစ်သည့် ၁၁၊ ၁၈၊ ၁၅ ရက်တို့တွင်လည်းကောင်း ပြေးဆွဲရန် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ စီစဉ်ထားရှိကြောင်း သိရသည်။
ရန်ကုန်-ပုသိမ်
ခရီးစဉ်သည် ရန်ကုန်မှ နံနက် ၁၁ နာရီခွဲတွင် ထွက်ခွာ၍ ပုသိမ်သို့ မွန်းလွဲ ၁၂ နာရီ
၁၀ မိနစ်တွင်လည်းကောင်း၊ ရန်ကုန် - ညောင်ဦး ခရီးစဉ်သည် ရန်ကုန်မှ နံနက် ၆ နာရီ ၁၅ မိနစ်တွင်
ထွက်ခွာ၍ ညောင်ဦးသို့ နံနက် ၇ နာရီ ၃၅ မိနစ်တွင်လည်းကောင်း၊ ညောင်ဦး - ရန်ကုန် ခရီးစဉ်သည်
ညောင်ဦးမှ ညနေ ၅ နာရီတွင် ထွက်ခွာ၍ ရန်ကုန်သို့ ည ၇ နာရီတွင်လည်းကောင်း
ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းသည်
ခရီးစဉ်များအတွက် လေယာဉ်လက်မှတ်ဈေးနှုန်းများကို ရန်ကုန်-ပုသိမ်ခရီးစဉ် အသွားတစ်ကြောင်းစာ
ငွေကျပ် ၁၆၀၀၀၀ ၊ ရန်ကုန်-ညောင်ဦး ခရီးစဉ်အသွားတစ်ကြောင်းစာ ငွေကျပ် ၂၉၀၀၀၀ နှင့်
ညောင်ဦး - ရန်ကုန် ခရီးစဉ် အသွားတစ်ကြောင်းစာ ငွေကျပ် ၂၇၀၀၀၀ သတ်မှတ်ထားပြီး
ခရီးစဉ်ကို ATR 72-600 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment