Thursday, November 7, 2024

အမျိုးသမီးများကို တရုတ်ယောကျ်ားနှင့်လက်ထပ်ရန် ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော် နိုဝင်ဘာ ၆

အမျိုးသမီးများကို တရုတ်ယောကျ်ားနှင့် လက်ထပ်ရန်ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်နေ ဒေါ်ချိုချိုစန်းက ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နေ မ---၊ ၃၀/၂၀၂၄ နှစ်၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နေ မ---၊ ၁၅/၂၀၂၄ နှစ်နှင့် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နေ မ---၊ ၂၃/၂၀၂၄ နှစ်တို့ သုံးဦးကို တရုတ်ယောက်ျားယူပါက ငွေကျပ် သိန်း ၁၀၀ ရရှိမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ ရောက်ရှိမှသာ မိဘများထံသို့ ငွေများလွှဲပေးမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သဖြင့် ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေရဲစခန်း(ပ)၇၀/၂၀၂၄၊ (ပ) ၇၁/၂၀၂၄၊ (ပ)၇၂/၂၀၂၄ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ တို့ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့သည်။ အောင်မြေသာစံခရိုင်တရားရုံးမှ နိုဝင်ဘာ ၅ ရက်တွင် တရားခံ ဒေါ်ချိုချိုစန်းအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ တစ်မှုလျှင် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီဖြင့် စုစုပေါင်းနှစ် ၃၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။                          

သတင်းစဉ်

No comments:

Post a Comment