Friday, October 18, 2024

ရေနံချောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်ရန်အတွက် လူငယ် ၇ဝ ဦးကျော်ကို ဖမ်းဆီးသွားကြောင်း သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေ

နေပြည်တော် အောက်တိုဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီက အောက်တိုဘာလအတွင်းစတင်မည့် ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်ရန်အတွက် လူငယ် (၇၀) ဦးကျော်ကို ဖမ်းဆီးသွားကြောင်း သတင်းတု၊ သတင်းအမှားများဖြင့် တရားမဝင်ပြည်ဖျက်မီဒီယာများက ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ ရေနံချောင်းမြို့နယ်အတွင်း စစ်မှုထမ်းဆောင်ရန်အတွက် လူငယ်များအားဖမ်းဆီးနေသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရေနံချေင်းမြို့အတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မှုမရှိစေရေးအတွက် လိုအပ်သည့်နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းနှင့်လှည့်ကင်းပတ်ကင်းများကို ရေနံချောင်းမြို့မှတာဝန်သိပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ပြဋ္ဌာန်းထားသည့်ဥပဒေများအတိုင်းသာ တိကျစွာလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါသတင်းသည် တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူလူထုအထင်အမြင်လွဲမှားစေရန်၊ စိုးရိမ်ပူပန်မှုမြင့်တက်စေရန်၊ ရေနံချောင်းမြို့အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ယခုကဲ့သို့ သတင်းအမှားများဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment