Friday, October 18, 2024

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ကျေးရွာအချို့တွင် သန်းခေါင်စာရင်းကောက်ယူသူများအား ကျွေးမွေးဧည့်ခံရန် ငွေကြေးကောက်ခံနေကြောင်း မဟုတ်မမှန် လုပ်ကြံသတင်းအမှားများဖြင့် လှုံ့ဆော်ရေးသားဖြန့်ဝေ

နေပြည်တော် အောက်တိုဘာ ၁၈

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ကျေးရွာအချို့တွင် သန်းခေါင်စာရင်းကောက်ယူ သူများအား ကျွေးမွေးဧည့်ခံရန် ငွေကြေးကောက်ခံနေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများအထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးအား မေးမြန်းရာတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့များပူးပေါင်း၍ စတင်ကောက်ယူလျက်ရှိကြောင်း၊ ပြည်သူများမှ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်များကို တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အားပေး လူပုဂ္ဂိုလ်၊ အဖွဲ့များမှ မနာလို၊ မရှုစိမ့်ဖြင့် သန်းခေါင်စာရင်းကောက်ယူလျက်ရှိသော တာဝန်ရှိသူများကို ပြည်သူများက အထင်အမြင်လွဲမှားစေရန်ရည်ရွယ်ကာ မဟုတ်မမှန်သတင်းအမှားများကို လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment