Friday, October 18, 2024

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂ဝ၂၄) သို့တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ဂုဏ်ပြုကြိုဆို


နေပြည်တော် အောက်တိုဘာ ၁၈

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂၀၂၄) သို့တက်ရောက်ရန် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ နယ်မြေခံသင်တန်းကျောင်းသို့ ရောက်ရှိလာသည့် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ထို့နောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်ငံ့သားကောင်းရတနာများအား လိုအပ်သည့် စုဖွဲ့ပြင်ဆင်မှုများ၊ အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment