Wednesday, October 2, 2024

ရေဝပ်ဒေသ ထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအစည်းအဝေး ကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁

ရေဝပ်ဒေသ ထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိသစ်တောဦးစီးဌာန၌ ကျင်းပသည်။

ထုတ်ပြန်ထားရှိ

အစည်းအဝေးတွင် ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ရမ်ဆာ ရေဝပ်ဒေသ ခုနစ်ခုကို သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ အမျိုးသားအဆင့်ကော်မတီဖွဲ့စည်းထားပြီး အမျိုးသားရေဝပ်ဒေသမူဝါဒနှင့် မဟာဗျူဟာလုပ်ငန်းများကို ထုတ်ပြန်ထားရှိပါကြောင်း၊ ရမ်ဆာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ အကောင်အထည်ဖော်ရန် ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကို သက်ဆိုင်ရာဌာနများ ပေါင်းစပ်ဖော်ဆောင်မှု ပိုမိုအားကောင်းစေရန် ၂၀၂၂ ခုနှစ်တွင် ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း ရမ်ဆာကွန်ဗင်းရှင်းသို့တင်သွင်းမည့် နိုင်ငံအဆင့် အစီရင်ခံစာပြင်ဆင်ထားရှိမှုအပေါ် ကဏ္ဍအလိုက်လိုအပ်ချက်များ ဖြည့်စွက်ခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များချမှတ်ခြင်းကို အကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကော်မတီ၏လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် နိုင်ငံအဆင့် အစီရင်ခံစာပြုစုထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment