စစ်တွေ အောက်တိုဘာ ၁၀
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှု လှည့်လည်ကြည့်ရှုပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ် သက္ကေပြင်ကျေးရွာရှိ ပြည်သူများအား
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များက အိမ်တိုင်ရာရောက်
သန်းခေါင်စာရင်းကောက်ယူနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြရာ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောနိုင်နှင့်
တာဝန်ရှိသူများက စစ်တွေမြို့နယ်အတွင်း စာရင်းကောက်ယူနေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခေါင်းဒုက္ကာ IDPs စခန်းအတွင်း နေထိုင်ကြသူများအား
စာရင်းကောက်ယူရေးအဖွဲ့များက စာရင်းကောက်ယူနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး စာရင်းကောက်ခံရာတွင်
ပူးပေါင်းပါဝင်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သက္ကေပြင်ကျေးရွာလမ်းနှင့် စစ်တွေ-ပလ္လင်ပြင်ကားလမ်းအား
ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ကျောက်ချောလမ်းခင်းခြင်း၊ ကွန်ကရစ်လမ်းအား ပြန်လည်ပြုပြင်ခြင်း၊
မြေသားလမ်းများပြုပြင်ခြင်းနှင့် ရေမြောင်းများတူးဖော်ခြင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ
လုပ်ငန်းတာဝန်ခံက လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့်လမ်းပိုင်းများအား
ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး
လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေး ခဲ့သည်။
စစ်တွေ-ပလ္လင်ပြင်ကားလမ်းသည်
ကျေးရွာပေါင်း (၁၄) ရွာမှ ပြည်သူများ ဖြတ်သန်းသွားလာလျက်ရှိပြီး လူဦးရေ ၂၀၀၀၀ ကျော်ကို
အကျိုးပြုလျက်ရှိကြောင်း သတင်းရရှိသည်။
တင်ထွန်း
(ပြန်/ဆက်)
No comments:
Post a Comment