စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) ၏ တတိယအကြိမ်မြောက်
အစည်းအဝေးကျင်းပ
နေပြည်တော် အောက်တိုဘာ ၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့(CPU)၏ တတိယအကြိမ် မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ CPU အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် CPU အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးက
မိမိတို့ဝန်ကြီးဌာနသည် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို အဓိကဖော်ဆောင်ပြီး နိုင်ငံတော်၏
စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အဓိကတာဝန်ယူဆောင်ရွက်နေခြင်းဖြစ်၍ အဂတိလိုက်စားမှု လုံးဝကင်းရှင်းရန်လိုအပ်ကြောင်း၊
ဌာနများ၏ တိုင်ကြားနိုင်သော E-mail ၊
Website များကို အများပြည်သူ ပွင့်လင်းမြင်သာစွာသိရှိနိုင်ရန် ကြေညာသင်ပုန်းတွင်ထားရှိရန်
စီမံဆောင်ရွက်ပြီးစီးမှုများနှင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (PFP)
တွင် ပြည်သူထံ SMS ပေးပို့မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းအခြေအနေများကို ယနေ့အစည်းအဝေးတွင်
ဆွေးနွေးသွားရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဝန်ကြီးဌာနနှင့် ဦးစီးဌာန၊ တက္ကသိုလ်များ၏
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များသို့ အဂတိလိုက်စားမှုများနှင့် ပတ်သက်၍
လွယ်ကူစွာ သတင်းပို့တိုင်ကြားနိုင်ရန်အတွက် အကြံပြုစာ၊ တိုင်ကြားစာ စာတိုက်ပုံး ၇၁
ခု ထားရှိပေးထားသည့်အပြင် အွန်လိုင်းမှလည်း လွယ်ကူစွာ တိုင်ကြားနိုင်ရေးအတွက် တိုင်ကြား
နိုင်သည့် E-mail လိပ်စာ ၉၈ ခု ထုတ်ပြန်ထားရှိပြီး ဦးစီးဌာနတက္ကသိုလ် ခြောက်ခုတို့၏
Websites များမှတစ်ဆင့် တိုင်ကြားနိုင်ရန်လည်း စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊ ဌာနများအတွင်း
အဂတိလိုက်စားမှု မဖြစ်ပေါ်စေရန် ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ စီမံခန့်ခွဲမှုအရ ဆောင်ရွက်ပေးမှု
၃၇ ကြိမ်၊ အသိပညာပေးဟောပြောမှု ၄၅၂ ကြိမ်၊ လက်ကမ်းစာစောင်များ ဖြန့်ဝေမှု ၂၁၆၂ စောင်၊ သင်တန်း
ပို့ချမှုအကြိမ် ၂၀ နှင့် အလုပ်ရုံ ဆွေးနွေးပွဲ ကိုးကြိမ် ဆောင်ရွက်နိုင်ခဲ့သည်။
ထို့ပြင် “စပါးသီးနှံ တစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက်
ဆောင်ရွက်ရမည့်လုပ်ငန်းများ” ခေါင်းစဉ်ဖြင့် (၃၈) ကြိမ်မြောက် ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ဆက်လက်၍ သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ပညာရှင်များက
စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ၊ မျိုးကောင်းမျိုးသန့်
သုံးစွဲခြင်း၏အရေးပါမှု၊ မျိုးကောင်း မျိုးသန့်များရရှိရေးအတွက် သုတေသနလုပ်ငန်းများ
ဆောင်ရွက်နေမှု၊ စပါးအထွက်နှုန်း တိုးတက်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုတွင်
ပါဝင်နေသော စိုက်ပျိုးနည်းစနစ်များနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ကြုံတွေ့နေရသော အခက်အခဲအတားအဆီးများကို စီမံဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဆွေးနွေးတင်ပြကြပြီး အခမ်းအနား
တက်ရောက်လာကြသူများက ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြသည်။
စကားဝိုင်းဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများ၊
အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ လယ်ယာ ကဏ္ဍဆိုင်ရာ
တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
%20news-3.jpg)
No comments:
Post a Comment