ရန်ကုန် အောက်တိုဘာ ၂၁
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြည်တွင်းခရီးစဉ်အသစ်ဖြစ်သော ရန်ကုန် - ပုသိမ် - ညောင်ဦး - မန္တလေးခရီးစဉ်များကို အပတ်စဉ် တနင်္ဂနွေနေ့နှင့် မန္တလေး - ညောင်ဦး - ပုသိမ် - ရန်ကုန် ခရီးစဉ်များကို အပတ်စဉ် တနင်္လာနေ့တွင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်
- ပုသိမ် - ညောင်ဦး - မန္တလေး ခရီးစဉ်ကို တနင်္ဂနွေနေ့တွင် ရန်ကုန်မှ နံနက် ၆ နာရီခွဲတွင်
ထွက်ခွာပြီး ပုသိမ်သို့ နံနက် ၇ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ နံနက် ၇ နာရီ
၂၅ မိနစ်တွင် ထွက်ခွာပြီး ညောင်ဦးသို့ ၉ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ ၉
နာရီ ၂၅ မိနစ်တွင် ထွက်ခွာပြီး မန္တလေး သို့ ၁၀ နာရီတွင်လည်းကောင်း၊ တနင်္လာနေ့တွင်
မန္တလေး - ညောင်ဦး - ပုသိမ် - ရန်ကုန် ခရီး စဉ်များကို မန္တလေးမှ မွန်းလွဲ ၃ နာရီတွင်
ထွက်ခွာပြီး ညောင်ဦးသို့ ညနေ ၃ နာရီ ၃၅ မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ ညနေ ၃ နာရီ
မိနစ် ၅၀ တွင် ထွက်ခွာပြီး ပုသိမ်သို့ ညနေ ၅ နာရီ ၃၅ မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ
၅ နာရီ မိနစ် ၅၀ တွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၆ နာရီခွဲတွင်လည်းကောင်း ရောက်ရှိမည်ဖြစ်သည်။
ယင်းခရီးစဉ်အတွက်
သတ်မှတ်ထားသော ဈေးနှုန်းမှာ ရန်ကုန်မှ ပုသိမ်သို့ ငွေကျပ် ၁၆ဝဝဝဝ၊ ပုသိမ်မှ ညောင်ဦးသို့
ငွေကျပ် ၂၈ဝဝဝဝ၊ မန္တလေးမှ ညောင်ဦးသို့ ငွေကျပ် ၂ဝဝဝဝဝ၊ ရန်ကုန်မှ ညောင်ဦးသို့ ငွေကျပ်
၂၉၀၀၀၀ သတ်မှတ်ထားပြီး ATR 72-600 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်

No comments:
Post a Comment