နေပြည်တော် အောက်တိုဘာ ၂၁
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းနှင့် ရခိုင်လူမှုရေး အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အသင်းအဖွဲ့များအနေဖြင့်
အသင်းများ၏ ရည်ရွယ်ချက် လုပ်ငန်းစဉ်များ လုပ်ကိုင်ရာ ဆောင်ရွက်ရာတွင် ဥပဒေဘောင်အတွင်း၌
ဆောင်ရွက်နိုင်ရန် အတွက် အသင်းအဖွဲ့များ မှတ်ပုံတင်ရေးဥပဒေနှင့်အညီ မိမိတို့၏အသင်းအဖွဲ့ကို
တိုင်းဒေသကြီးအဆင့်ထိ မှတ်ပုံ တင်နိုင်ရေး ဆောင်ရွက်ထားကြရန် မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး
ဦးစောဂျက်ကော့ထူးက အသင်းအဖွဲ့ မှတ်ပုံတင်ရေးဥပဒေအရ မှတ်ပုံတင်နိုင်ရေးဆောင်ရွက်နေမှုများနှင့်
တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် တာဝန်ရှိသူများက
လိုအပ်ချက်နှင့်ကူညီ ဆောင်ရွက်ပေးရမည့်အချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက
ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည်
ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး
ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၂၀၂၄-၂၀၂၅ စီမံကိန်းပါ လုပ်ငန်းများကို
အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် မိမိတို့နိုင်ငံအပေါ် နိုင်ငံချစ်စိတ်၊
မျိုးချစ်စိတ်များထားရှိကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်
မှာကြား ခဲ့ပြီး ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ဈေးနှုန်း နှိုင်းယှဉ်ချက်ဖြင့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်း
(၇) မျိုးနှင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သော လုပ်ငန်း (၆) မျိုး ၏ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့်
ပြီးစီးမှုအခြေအနေ များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီး
သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်၌
ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြုဘောလုံး (အမျိုးသား) အသင်းနှင့် ဖူဆယ်
(အမျိုးသား) အသင်းတို့၏ လေ့ကျင့်နေမှုများကို ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment