ရွှေဘိုမြို့နယ်၊
မြို့ပေါ်ရပ်ကွက်တွေမှာ သန်းခေါင်စာရင်းကောက်ယူစဉ် ဧည့်စာရင်းမတိုင်သူများကိုပါ
ဖမ်းဆီးသွားကြောင်း သတင်းတု၊
သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေ
နေပြည်တော်
အောက်တိုဘာလ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များတွင် သန်းခေါင်စာရင်းကောက်ယူစဉ် ဧည့်စာရင်းမတိုင်သူများကိုပါ ဖမ်းဆီးသွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍
သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၂၀၂၄ ခုနှစ်
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုတွင် စာရင်းစစ်/စာရင်းကောက်များသည်
ပြဋ္ဌာန်းထားသည့် သန်းခေါင်စာရင်းကောက်ယူမှု အချက်အလက်များအတိုင်း
ကောက်ယူလျက်ရှိပြီး မသက်ဆိုင်သည့် အခြားအချက်အလက်များကို စစ်ဆေးခြင်း၊
ကောက်ယူခြင်းမရှိဘဲ ဖမ်းဆီးခြင်းများလည်းမရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း
အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည့်အတွက် စာရင်းအချက်အလက်များကောက်ယူရာတွင်
မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံဖြေကြားခြင်းဖြင့်
ပူးပေါင်းပါဝင်လက်တွဲဆောင်ရွက်နေမှုအပေါ် တရားမဝင်ပြည်ဖျက်မီဒီယာများက မနာလို၊
မရှုစိမ့်ဖြင့် သတင်းတု၊ သတင်းမှားကို ပြည်သူလူထုအကြား ရည်ရွယ်ချက်ရှိရှိ
ဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment