သိစေ၊
ကြားစေ
ညွှန်းသက်သေ
မင်းခန့်
သိစေ၊ ကြားစေချင်တဲ့ အကြောင်းအရာကတော့ “ငါနဲ့မတူ၊ ငါ့ရန်သူ” အယူအဆနဲ့ သူတို့ကိုမထောက်ခံရင် အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ CRPH ၊ NUG နဲ့ သူ့တို့ရဲ့လက်ဝေခံ PDF အဖွဲ့များရဲ့ အကြမ်းဖက်လုပ်ရပ်များဖြစ်ပါတယ်။
ညွှန်းဆိုချင်တဲ့
သက်သေကတော့ အဲဒီအကြမ်းဖက်အဖွဲ့တွေရဲ့ ဆင်ခြင်တုံတရားကင်းမဲ့စွာ
အပြစ်မဲ့ပြည်သူများအပေါ် သတ်ဖြတ်နေတဲ့ ခိုင်မာတဲ့ သက်သေအထောက်အထားများ ဖြစ်ပါတယ်။
အထူးသဖြင့် နိုင်ငံတော်အစိုးရက တည်ဆဲဥပဒေများနဲ့အညီ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်
ကမ္ဘာသိ သတ်မှတ်ကြေညာထားတဲ့ CRPH ၊ NUG ၊ PDF အဖွဲ့တွေနဲ့ NUG ကို ကိုယ်စားပြုထားတဲ့ လူပုဂ္ဂိုလ်တွေကို ထိတွေ့ဆက်ဆံအားပေးထောက်ခံနေတဲ့ တချို့နိုင်ငံများ၊
နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပြည်တွင်းပြည်ပက လူပုဂ္ဂိုလ်များကို သိစေ၊ကြားစေချင်တာဖြစ်ပါတယ်။
၂၀၂၁
ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွေနောက်ပိုင်း ဆူပူဆန္ဒပြမှုတွေကတစ်ဆင့်
အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေရခြင်းရဲ့အကြောင်းအရင်းက အကြမ်းဖက်သမား CRPH
နဲ့ NUG အဖွဲ့ဝင်တွေက နိုင်ငံရေးရည်မှန်းချက်ကို
အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်နဲ့ ရယူဖို့ ကြိုးစားနေခြင်းကြောင့် ဖြစ်ပါတယ်။ NUG
နဲ့ သူ့ရဲ့လက်ဝေခံ PDF တွေအနေနဲ့ မြန်မာပြည်တွင်းမှာ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီး
အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတာ အားလုံးအသိပဲဖြစ်ပါတယ်။ ငြင်းလို့မရတဲ့ သက်သေအထောက်အထားတွေအရ
အကြမ်းဖက် NUG အဖွဲ့ရဲ့
“ငါနဲ့မတူ၊ ငါ့ရန်သူ” အယူအဆကြောင့် ပြည်သူအချင်းချင်း
စည်းလုံးညီညွတ်မှုပျက်ပြားပြီး ဒလန်ခေါင်းစဉ်နဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ၊ NUG
ကို မထောက်ခံတဲ့ကျေးရွာများကို တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုတွေ
လုပ်ဆောင်နေကြတာ စိတ်မကောင်းဖွယ်ရာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။ အဆိုးရွားဆုံးကတော့ NUG
၊ PDF တွေကို အားပေးထောက်ခံခြင်းမပြုတဲ့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊
ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီး/
လက်နက်ငယ်များ ဒရုန်းများအသုံးပြုပြီး အပြစ်မဲ့ပြည်သူတွေကို
ပစ်ခတ်တိုက်ခိုက်ခြင်းတွေကို ဆင်ခြင်တုံတရားကင်းမဲ့စွာ PDF
များက လုပ်ဆောင်လျက်ရှိနေတာကိုလည်း
လူမှုကွန်ရက်သတင်းများမှာ မကြာခဏ မြင်တွေ့ကြားသိနေရပါတယ်။
လတ်တလော
စိတ်မကောင်းစရာဖြစ်စဉ်ကတော့ အကြမ်းဖက် NUG အဖွဲ့ရဲ့ လက်အောက်ခံ PDF အဖွဲ့တစ်ဖွဲ့က စက်တင်ဘာလ ၁၇ ရက်နေ့မှာ
စစ်ကိုင်းတိုင်းဒေသကြီး ကြွယ်ပုံကျေးရွာအနီး တောင်ယာလုပ်ဖို့သွားတဲ့
မော်တော်ယာဉ်နှစ်စီးကို လက်နက်ကြီး/လက်နက်ငယ်များနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့လို့
အမျိုးသမီး ၁၂ ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။
ဒီဖြစ်စဉ်မှာ
သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးများဟာ အသက် ၁၉ နှစ်ကနေ ၃၂ နှစ်ကြား အရွယ်ကောင်း
အမျိုးသမီးငယ်လေးများဖြစ်ပြီး ညီအစ်မအရင်း သုံးယောက်ပါဝင်ကြောင်း သိရှိရပါတယ်။
ကြွယ်ပုံကျေးရွာဟာ တောင်ယာအလုပ်ကိုပဲ အများစုလုပ်ကိုင်ကြပြီး
နိုင်ငံရေးအရှုပ်အထွေးတွေမှာ ဝင်ရောက်ပတ်သက်လေ့မရှိသလို အကြမ်းဖက်မှုတွေနဲ့
တရားမဝင်လက်နက်ကိုင်မှုတွေကိုလည်း ထောက်ခံအားပေးခြင်းမရှိတဲ့ရွာ ဖြစ်ပါတယ်။
ကြွယ်ပုံကျေးရွာအနီး လှုပ်ရှားနေတဲ့ PDF အဖွဲ့တွေကို လက်မခံသလို ရိက္ခာ၊ ဆက်ကြေးထောက်ပံ့မှုများ
မလုပ်တဲ့ကျေးရွာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် လည်း PDF အဖွဲ့တွေက အငြှိုးအတေးထားပြီး ဆက်ကြေးပေးရန်ပျက်ကွက်ခြင်း၊ သူတို့ကို
ထောက်ခံအားပေးမှုမပြုလုပ်ခြင်း အကြောင်းပြချက်တွေနဲ့ စက်တင်ဘာလ ၁၇ ရက်နေ့
နံနက်ပိုင်းတွင် တောင်ယာလုပ်ကိုင်ဖို့ ထွက်ခွာလာတဲ့ အမျိုးသမီးငယ်အများစုပါဝင်တဲ့
မော်တော်ယာဉ်ကို ကျေးရွာရဲ့ အရှေ့မြောက်ဘက် မီတာ ၁၃၀၀ ခန့် အကွာအရောက်မှာ အကြမ်းဖက်သမား
PDF
အင်အား ၃၀ ဦးခန့်က ၄၀ မမ လောင်ချာများအပါအဝင်
လက်နက်ငယ်များဖြင့် ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ပါတယ်။
ဒီဖြစ်စဉ်မှာ
ထိခိုက်သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူများဟာ စစ်ဘက်နှင့် သက်ဆိုင်ခြင်းမရှိသလို
ရိုးသားစွာတောင်ယာလုပ်ငန်းကို လုပ်ကိုင်စားသောက်နေကြတဲ့ ဒေသခံများသာဖြစ်ပါတယ်။ PDFတွေရဲ့ ဆင်ခြင်တုံတရားကင်းမဲ့စွာ လက်ရဲဇက်ရဲ ပစ်ခတ်တိုက်ခိုက်မှုဟာ
စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သလို ဘယ်လိုမှ လက်ခံလို့မရနိုင်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်ပါတယ်။
ထိခိုက်သေဆုံးခဲ့ရတဲ့ အမျိုးသမီးငယ်လေးများရဲ့ မိသားစုဝင်များသာမက
မြင်တွေ့ကြားသိရတဲ့ ပြည်သူများကလည်း အကြမ်းဖက်သမား PDF တွေကို ရွံရှာစက်ဆုပ်မုန်းတီးလျက်ရှိပါတယ်။
အလားတူဖြစ်စဉ်မျိုး
၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့က မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်
ဆုံရွာကျေးရွာမှာလည်း ဖြစ်ခဲ့ပါတယ်။ ဆုံရွာကျေးရွာက ရွာသူရွာသားများဟာ NUG
၊ PDF အဖွဲ့များကို လုံးဝမထောက်ခံဘဲ ကျေးရွာလုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းပြီး ကိုယ့်မြို့ကိုယ့်ရွာလုံခြုံရေးကို
ဆောင်ရွက်နေကြသူများဖြစ်ပါတယ်။ ဒါကြောင့် PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက ရည်ရွယ်ချက်ရှိရှိနဲ့
ဆင်ခြင်တုံတရားကင်းမဲ့စွာ ကျေးရွာအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်
ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အပြစ်မဲ့ပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊
စုစုပေါင်း ၃၂ ဦး သေဆုံးကာ အမျိုးသား ငါးဦး၊ အမျိုးသမီး ကိုးဦး၊ စုစုပေါင်း ၁၄ ဦး
ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများထဲမှာ ကလေးငယ်များလည်းပါဝင်ကြောင်း
ကြားသိရလို့ တုန်လှုပ်ချောက်ချား၊ ဝမ်းနည်းကြေကွဲဖွယ်ရာသတင်းအဖြစ် ပြည်သူအများ
ခံစားခဲ့ရပါတယ်။ ရိုင်းစိုင်းယုတ်မာရက်စက်တဲ့ PDF အမည်ခံ အကြမ်းဖက်သမားများဟာ ၎င်းတို့ဆုတ်ခွာချိန်မှာ
ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြလို့ နေအိမ် ၅၀ ခန့်
မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရပါတယ်။
ဒီဖြစ်စဉ်ကိုကြားသိရတဲ့
ပြည်သူများအနေနဲ့ NUG ၊ PDF
တို့ရဲ့ အကြမ်းဖက်လုပ်ရပ်များကို
လုံးဝလက်ခံနိုင်ခြင်းမရှိသဖြင့် စက်ဆုပ်ရွံရှာ မုန်းတီးမှုများဖြစ်ပေါ်လာပြီး
လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်း ၂၀ ကျော်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားကြေညာချက်များ
ထုတ်ပြန်ခဲ့ကြပါတယ်။
ဒီလိုဆိုးရွားရက်စက်တဲ့
အစုလိုက်အပြုံလိုက် ပြည်သူတွေသတ်ဖြတ်ခံရခြင်းဟာ CRPH မှ တစ်ဆင့် ပေါ်ပေါက်လာတဲ့ NUG အဖွဲ့က လက်နက်၊ ခဲယမ်း၊ ငွေကြေး ထောက်ပံ့ပေးထားတဲ့ လက်ကိုင်တုတ်
PDF
အကြမ်းဖက်သမားများကြောင့်ဖြစ်တာကို အငြင်းပွားဖွယ်ရာမရှိ ရှင်းလင်းပြတ်သားစွာ
မြင်တွေ့ကြရမှာဖြစ်ပါတယ်။
ဒီလို
အပြစ်မဲ့ပြည်သူတွေမှန်းသိလျက်နဲ့ ရက်ရက်စက်စက် ရိုင်းစိုင်းယုတ်မာစွာ လုပ်ကြံသတ်ဖြတ်၊
ပစ်ခတ်တိုက်ခိုက်တဲ့ဖြစ်စဉ်တွေ အများအပြားရှိနေပြီး လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေရဲ့
မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅
ရက်နေ့အထိ အကြမ်းဖက်အဖွဲ့ NUG ရဲ့ စေခိုင်းချက်အရ အကြမ်းဖက်သမား PDF တွေရဲ့ လက်ချက်ဖြင့် သေဆုံးရသူ ၆၆၆၇ ဦးရှိပြီဖြစ်ကြောင်း
သိရှိရပါတယ်။ အသေးစိတ်စာရင်းတွေကို www. infosheet.org ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ ဒလန်အဖြစ်စွပ်စွဲပြီး
သာမန်ပြည်သူ ၅၃၁၂ ဦး၊ အုပ်ချုပ်ရေးမှူး ၈၃၃ ဦး၊ ကျောင်းဆရာ ဆရာမ ၇၅ ဦး၊
ကျန်းမာရေးဝန်ထမ်း ၁၇ ဦး၊ အခြားဝန်ထမ်း ၂၇၉ ဦး၊ စစ်မှုထမ်းဟောင်း ၆၅ ဦး၊ သီလရှင် ၂
ပါး၊ သံဃာ ၈၄ ပါးတို့ကို ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရှိရပါတယ်။
ဒီလို
ငြင်းလို့မရတဲ့ သက်သေဖြစ်စဉ်တွေကနေ ညွှန်းဆိုပြသနေတဲ့ NUG
၊ PDF အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံတကာမျက်နှာစာမှာ မှေးမှိန်အောင် ပြည်ဖျက်သတင်းမီဒီယာတွေအနေနဲ့
သတင်းတု၊ သတင်းမှားများဖန်တီးပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေကို
နိုင်ငံရေးလှုပ်ရှားမှုများအဖြစ် ပုံဖော်လျက်ရှိပါတယ်။ တစ်နည်းအားဖြင့်
နိုင်ငံရေးရည်မှန်းချက်ကို လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းနဲ့ ရယူဖို့ကြိုးစားနေတဲ့လှုပ်ရှားမှုကို
ဒီမိုကရေစီအရေခြုံ နိုင်ငံရေးလှုပ်ရှားမှုအဖြစ် လှုံ့ဆော်ဝါဒဖြန့်လျက်ရှိပါတယ်။
သို့သော်
Global
Terrorism Trend and Analysis Center မှ
၂၀၂၂ ခုနှစ်အတွက် ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှုအညွှန်းကိန်း
သိသိသာသာမြင့်တက်နေပြီး အဲဒီလိုဖြစ်နေရခြင်းဟာ CDF ၊ KNDF အဖွဲ့များအပါအဝင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကြောင့်ဖြစ်ကြောင်း
မီးမောင်းထိုးပြခဲ့ပါတယ်။ အဲဒီအဖွဲ့ရဲ့အစီရင်ခံစာအရ PDF
အဖွဲ့တွေရဲ့ ကြွယ်ပုံရွာနဲ့ ဆုံရွာတို့ကဲ့သို့
အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက်မှုများကြောင့် ၂၀၂၄ ခုနှစ်အတွင်းမှာလည်း
အကြမ်းဖက်မှုအညွှန်းကိန်း ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ဖော်ပြထားပေမယ့် အနောက်အုပ်စုနိုင်ငံများက
မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးလိုတဲ့အတွက် NUG
၊ PDF တို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မသိချင်ယောင်ဆောင်ပြီး
ခေါင်းစဉ်အမျိုးမျိုးနဲ့ ငွေကြေးထောက်ပံ့မှုတွေပြုလုပ်ခြင်း၊ အကြမ်းဖက် NUG
နဲ့ပတ်သက်သူတွေကို ခိုလှုံခွင့်ပြုထားခြင်းတွေကို လုပ်ဆောင်လျက်ရှိပါတယ်။
ဒါ့အပြင်
အင်အားကြီးနိုင်ငံအချို့အနေနဲ့ ဒီလိုအကြမ်းဖက်အဖွဲ့တွေကို တိုက်ရိုက်ဖြစ်စေ၊
သွယ်ဝိုက်ဖြစ်စေ ထိတွေ့ဆက်ဆံနေပြီး ငွေကြေးထောက်ပံ့ပေးမှုတွေ ပြုလုပ်ပေးနေခြင်းဟာ
အကြမ်းဖက်အဖွဲ့တွေကို အားပေးနေတဲ့သဘော သက်ရောက်နေပါတယ်။ ဒါကြောင့်လည်း ဝရမ်းပြေး ကျော်မိုးထွန်းလိုပုဂ္ဂိုလ်က
တရားဝင်ရပ်တည်ခွင့်မရှိတဲ့ ကုလသမဂ္ဂမျက်နှာစာမှာ အကြမ်းဖက်အဖွဲ့ NUG
ကို ကိုယ်စားပြုပြီး NUG အဖွဲ့ကို နိုင်ငံတကာက အသိအမှတ်ပြုလာအောင် ဝါဒဖြန့်လော်ဘီလုပ်နေတာကိုလည်း
မြင်တွေ့ကြားသိနေရပါတယ်။
ဝရမ်းပြေး
ကျော်မိုးထွန်းဟာ NLD အစိုးရလက်ထက်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ
အမြဲတမ်းကိုယ်စားလှယ်ဖြစ်ခဲ့ပေမယ့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်မှာ
နိုင်ငံ့ဝန်ထမ်းစည်းကမ်းတွေကိုဖောက်ဖျက်ပြီး နိုင်ငံတော်ကို
သစ္စာဖောက်ဖျက်ခဲ့တဲ့အတွက် တရားစွဲဆိုခံထားရပြီး နိုင်ငံသားအဖြစ်မှလည်း ပယ်ဖျက်ထားခြင်းခံရသူ
ဖြစ်ပါတယ်။ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် ကိုယ်စားပြုမှုအတွက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့
လုပ်ထုံးလုပ်နည်း အမှတ်စဉ် ၂၉ အရ ကိုယ်စားပြုမှုနေရာ အငြင်းပွားမှုရှိတဲ့အတွက်
ဝရမ်းပြေး ကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ်
တရားဝင်ဆက်လက်ခန့်အပ်ထားခြင်း မပြုသလို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး
ပြောရေးဆိုခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း သိရှိရပါတယ်။ ဒါပေမယ့်လည်း ကုလသမဂ္ဂရဲ့ Credentials
Committee က သူ့ရဲ့နေရာကို အစားထိုးခန့်အပ်ခြင်းမပြုသေးတဲ့
လုပ်ထုံးလုပ်နည်းအပေါ် အခွင့်အရေးယူပြီး ကုလသမဂ္ဂရဲ့ အလွတ်သဘောအစည်းအဝေးတွေမှာ
အကြမ်းဖက် NUG အဖွဲ့ကို
ကိုယ်စားပြုပြီး ဝါဒဖြန့်ချိရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက် ရှိပါတယ်။
ဝရမ်းပြေး
ကျော်မိုးထွန်းအနေနဲ့ ကြွယ်ပုံရွာနဲ့ ဆုံရွာတို့လိုဖြစ်စဉ်မျိုး NUG
၊ PDF တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုဖုံးဖိပြီး နိုင်ငံတော်အစိုးရက
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေများနှင့်အညီ အရေးယူမှုများကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအကြောင်းပြပြီး
ဆန့်ကျင်ပြောဆိုနေမှုများဟာ သံတမန်ရေးရာ ကိုယ်စားလှယ်တစ်ဦး လုံးဝမဟုတ်တော့ဘဲ
အကြမ်းဖက်အားပေး ဝါဒဖြန့်ချိရေးသမားသက်သက်ဖြစ်နေတယ်ဆိုတာ ရှင်းလင်းစွာ
မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်အားပေးပြီး အစွန်းရောက်ဝါဒကို အားပေး
အားမြှောက်ပြုနေတဲ့ ရာဇဝတ်သားတစ်ဦးရဲ့ လုပ်ရပ်တွေကို ကုလသမဂ္ဂရဲ့ Credentials
Committee အနေနဲ့သိရှိပြီး
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်နေရာမှာ အကြမ်းဖက်အဖွဲ့ကို ကိုယ်စားပြုနေသူက
ကုလသမဂ္ဂ သံတမန်တစ်ဦးအဖြစ်ရှိနေတာ မဖြစ်သင့်ဘူးလို့ ထင်မြင်ယူဆမိပါတယ်။ ဒါ့ကြောင့်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်နေရာအတွက် အချုပ်အခြာအာဏာပိုင်
နိုင်ငံတစ်ခုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပေါ်ပေါက်လာတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီအစိုးရက အဆိုပြုခန့်အပ်ထားတဲ့ ကိုယ်စားလှယ်ကို အသိအမှတ်ပြုခန့်အပ်ပေးဖို့
နိုင်ငံသားတစ်ယောက်အနေနဲ့ တောင်းဆိုလိုပါတယ်။
ဒါ့အပြင်
ကုလသမဂ္ဂအဖွဲ့ကြီးအပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့အနေနဲ့ NUG
အကြမ်းဖက်အဖွဲ့နဲ့ ဝရမ်းပြေး ကျော်မိုးထွန်းတို့ကို ထိတွေ့ဆက်ဆံနေခြင်းဟာ
အကြမ်းဖက်အစွန်းရောက်ဝါဒကို အားပေးအားမြှောက်ပြုနေတဲ့သဘော သက်ရောက်နေတာကို
သတိပြုမိပြီး NUG ၊ PDF
အကြမ်းဖက်အဖွဲ့များ တရားဝင်အသိအမှတ်ပြုမှုရရှိရေး
ကြိုးပမ်းလုပ်ဆောင်မှုများကို ရပ်တန့်စေရန် ဘက်ပေါင်းစုံက လုပ်ဆောင်ပေးဖို့
တိုက်တွန်းနှိုးဆော်လိုပါတယ်။
အမှန်စင်စစ်
အေးချမ်းစွာနေထိုင်လိုတဲ့ ပြည်သူလူထုရဲ့ စစ်မှန်တဲ့ဆန္ဒနဲ့ တောင်းဆိုလိုတဲ့ လိုလားချက်ကတော့
NUG
၊ PDF အကြမ်းဖက်သမားများရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေ
ပျောက်ကွယ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လုပ်ဆောင်နေတဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်
အောင်မြင်စေရေးနဲ့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာစေရေးအတွက်
တည်ငြိမ်အေးချမ်းစွာ ရွေးကောက်ပွဲတစ်ရပ် အမြန်ဆုံး ကျင်းပနိုင်ရေးဖြစ်ပါတယ်။
ဒါကြောင့်
တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုကြတဲ့ မြန်မာနိုင်ငံသားများရဲ့ ဆန္ဒအမှန်ဖြစ်တဲ့
လတ်တလောဖြစ်ပေါ်နေတဲ့ ကြွယ်ပုံရွာနဲ့ ဆုံရွာတို့လိုဖြစ်စဉ်မျိုး အကြမ်းဖက်တိုက်ခိုက်မှုများ
လျော့နည်းကျဆင်းစေရေးအတွက် ဒီလိုအကြမ်းဖက်မှုတွေကို ဘယ်သူတွေက ဘာကြောင့်လုပ်နေလဲဆိုတာ
သိစေ၊ ကြားစေဖို့အတွက် ခိုင်မာတဲ့ အထောက်အထားများနဲ့ သက်သေညွှန်းဆို တင်ပြလိုက်ရပါတယ်။
။


No comments:
Post a Comment