ကန့်ဘလူမြို့နယ်၊
အောင်သာယာကျေးရွာကို PDF အမည်ခံအကြမ်းဖက်သမားများက Drop
Bomb များ ပစ်ချတိုက်ခိုက်မှုကြောင့်
ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာများရရှိ
နေပြည်တော်
အောက်တိုဘာ ၄
PDF အမည်ခံအကြမ်းဖက်သမားများသည် ပြည်သူလူထုအေးချမ်းစွာ နေထိုင်နေသော မြို့၊ ရွာများကို တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် Drop Bomb များ၊ လက်နက်ကြီးများဖြင့် ရက်စက်ယုတ်မာစွာ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုများဖြစ်ပေါ်လျက်ရှိပြီး ယနေ့တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ အောင်သာယာကျေးရွာကို Drop Bomb များဖြင့် ယုတ်မာရက်စက်စွာ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ
ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ အောင်သာယာကျေးရွာအား PDF
အမည်ခံအကြမ်းဖက်သမားများက ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၂၀၀
ခန့်အမြင့်မှနေ၍ Drone ဖြင့် Drop
Bomb များ လာရောက်ပစ်ချတိုက်ခိုက်ခဲ့သဖြင့်
ကျေးရွာအတွင်း အေးချမ်းစွာနေထိုင်လုပ်ကိုင်နေကြသူ အပြစ်မဲ့ပြည်သူ အမျိုးသား ၂ ဦး၊
အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃
ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူများအား ကျေးရွာဆေးပေးခန်း၌
ဆေးကုသမှုခံယူစေလျက်ရှိသည်။
PDF အမည်ခံအကြမ်းဖက်သမားများ၏ ယခုကဲ့သို့ အေးချမ်းစွာနေထိုင်နေကြသော
ဒေသခံပြည်သူများ နေထိုင်ရာကျေးရွာများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သည့် လုပ်ရပ်သည်
ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War
Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါအကြမ်းဖက်သမားများကို ဒေသခံပြည်သူများက ရွံ့ရှာစက်ဆုပ်မုန်းတီးလျက်ရှိကြောင်းနှင့်
၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်ခံနိုင်ခြင်းမရှိသည့်အတွက် တပ်မတော်၏
အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်မှုတွင်
အားတတ်သရော ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment