Tuesday, October 1, 2024

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်(၆ဝ)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား ကျင်းပပြုလုပ်

 

နေပြည်တော် အောက်တိုဘာ ၁ ရက်

နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ ကျင်းပခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးတက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။



အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများ၊ အနုပညာရှင်များ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးက မိန့်ခွန်းပြောကြားပြီး စံပြရဲအဆင့်တိုးဆုရရှိသူ အရာရှိ(၂)ဦး၊ အခြားအဆင့်(၃)ဦးနှင့် စွမ်းရည်သတ္တိအတွက် ရာထူးအဆင့်တိုးဆုရရှိသူ အရာရှိ(၃)ဦး၊ စွမ်းဆောင်မှုအတွက် ရာထူးအဆင့်တိုးဆုရရှိသူအရာရှိ(၂)ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ပြီး အနုပညာရှင်ကိုယ်စားလှယ်တစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။

ယင်းနောက် ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ်တင်ကိုကိုက စွမ်းရည်သတ္တိအတွက် ရာထူးအဆင့်တိုး ဆုရရှိသူ အခြားအဆင့်(၅)ဦး၊ စွမ်းဆောင်မှုအတွက်ရာထူးအဆင့်တိုးဆုရရှိသူ အခြားအဆင့်(၅)ဦး၊ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ်အောင်နိုင်သူက ရုံးဝန်ထမ်းထူးချွန်ဆုရရှိသူ တပ်ဖွဲ့ဝင်(၇)ဦးနှင့် ဝတ်စားဆင်ယင်မှုအကောင်းဆုံးဆုရ တပ်ဖွဲ့ဝင်(၄)ဦး၊ အမျိုးသမီးစွမ်းဆောင်ရှင်ဆုနှင့် နေအိမ်လိုင်းခန်းသန့်ရှင်းရေးဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ကိုပြသခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ရဲအရာရှိကြီးများသည် ဆုရရှိသူများ၊ အနုပညာရှင်ကိုယ်စားလှယ်တစ်ဦးတို့နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment