Tuesday, October 1, 2024

ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံးကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေ

 

နေပြည်တော် အောက်တိုဘာလ ၁ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာအရှေ့ အိုင်ကြီးလမ်းခွဲနေရာကို လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးနှင့် လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါသတင်းမှာ သတင်းမှားသာဖြစ်ပြီး မှန်ကန်မှုမရှိကြောင်း၊ အကြမ်းဖက်သမားများ၏ လူမဆန်သည့်လုပ်ရပ်များကြောင့် အားပေးထောက်ခံမှုမရှိတော့သည့် ကျေးရွာများအား အကြမ်းဖက်သမားများက အကြောက်တရားများ လွှမ်းမိုးလာစေရန် လက်နက်ကြီးများ၊ Drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူအချို့ ထိခိုက်သေဆုံးခဲ့ရပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း၊ ထိုသို့လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား တပ်မတော်က ထိရောက်စွာ တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်းနှင့် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက တပ်မတော်နှင့် ပြည်သူအကြား သပ်လျှိုသွေးခွဲရန်နှင့် အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ပေးရန်အတွက် ယခုကဲ့သို့မဟုတ်မမှန်သည့် သတင်းမှားများဖြင့် လှုံ့ဆော်ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment