မကွေး အောက်တိုဘာ
၁၀
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်းရှိအိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာအချက်အလက်များပါဝင်သည့် အချက်အလက် (၆၈) ချက်ကို မေးမြန်းကောက်ယူဆောင်ရွက်လျက်ရှိရာ၊ မကွေးမြို့နယ်၊ မြို့ဟောင်းရပ်ကွက်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
သန်းခေါင်စာရင်းကောက်ယူရာတွင်
မကွေးမြို့၊ မြို့ဟောင်းရပ်ကွက်ရှိ သန်းခေါင်စာရင်းကောက်ကွက်များတွင်
လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို Mobile Tablet များအသုံးပြု၍
တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျကောက်ယူလျက်ရှိရာ စာရင်းကောက်သူများက လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ
တိကျမှန်ကန်စွာရရှိရေးအတွက် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာအချက်အလက်များ၊ အိမ်အကြောင်းအရာများ စနစ်တကျမေးမြန်းနေမှုများကို
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
၂၀၂၄
ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း
အောင်မြင်စွာဖြင့် ပြီးစီးဆောင်ရွက်နိုင်ရေး၊ ခရိုင်/
မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊
ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များကဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မကွေးမြို့နယ်၌
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း
ကောက်ယူခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာအသီးသီးတို့၌
သန်းခေါင်စာရင်းကောက်ကွက်ပေါင်း (၆၉၃) ကွက်အား စာရင်းစစ်၊ စာရင်းကောက် ၂၇၁
ဦးတို့မှ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကောက်ယူခဲ့ရာ ယမန်နေ့အထိ ကောက်ကွက်ပေါင်း
(၄၂၈) ကွက် ကောက်ယူပြီးစီးခဲ့ကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း
ကောက်ကွက်ပေါင်း (၄၇၃၆) ကွက်တွင်ကောက်ယူဆောင်ရွက်လျက်ရှိပြီး၊ (၉-၁၀-၂၀၂၄)
ရက်နေ့အထိ ကောက်ကွက်ပေါင်း (၂၇၇၉) ကွက် ကောက်ယူပြီးစီးကာ၊
ကျန်ရှိသည့်ကောက်ကွက်များသတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးအတွက် ခရိုင်/
မြို့နယ်သန်းခေါင်စာရင်းကော်မတီနှင့် တာဝန်ရှိသူများက
အလေးထားကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်ညီညာ













No comments:
Post a Comment