Wednesday, October 2, 2024

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ပြင်ဦးလွင်မြို့ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၏ သုတေသနရလဒ်များ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် အောက်တိုဘာ ၁

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်တင်ဘာ ၂၉ ရက်က ပြင်ဦးလွင်မြို့ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး)သို့ ရောက်ရှိပြီး သတင်းအချက်အလက်သိပ္ပံဌာန၊ အီလက်ထရောနစ် အင်ဂျင်နီယာ မဟာဌာန၊ တိကျစက်ပစ္စည်း ထုတ်လုပ်မှု အင်ဂျင်နီယာမဟာဌာန၊ အဆင့်မြင့်ဒြပ်ပစ္စည်းအင်ဂျင် နီယာမဟာဌာနတို့မှ ခင်းကျင်းပြသထားသည့် သုတေသနလုပ်ငန်းများ၏ရလဒ်များနှင့် ကွန်ပျူတာအင်ဂျင်နီယာဌာန၊ e-learning Center ရှိ Multimedia Stereo Room တို့ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက သုတေသနရလဒ်များမှ အကျိုးကျေးဇူးများကို ပြည်သူများရရှိနိုင်စေရေးအတွက် ပြင်ဦးလွင်မြို့ရှိ MSME များဖွံ့ဖြိုးအောင် လက်တွေ့ကျကျ အသုံးချနိုင်ရေးဆက်စပ်ဌာနများ ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြှင့်တင်ဆောင်ရွက်ရန်၊ Smart City နှင့် Eco-Tourism အပါအဝင် ဒေသအကျိုးပြုစီမံကိန်းများနှင့် ကိုက်ညီသော နည်းပညာသုတေ သနလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားရန်၊ နိုင်ငံတကာတက္ကသိုလ်များနှင့် နည်းပညာများ မျှဝေဖလှယ်ရန်၊ Online သင်ခန်းစာများ ပို့ချရန်အပြင် ပြည်သူလူထုထံနည်းပညာဖြန့်ဝေရေးနှင့် အသိပညာပေးရေးလုပ်ငန်းများ ထိရောက်ပီပြင်စွာ မြှင့်တင်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနား အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment