Wednesday, October 2, 2024

ဒုတိယဝန်ကြီးဦးရဲတင့် တောင်ငူမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ အရန်ထုတ်လွှင့်စက်များဖြင့် ထုတ်လွှင့်နေမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော် အောက်တိုဘာ ၁

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနရုံး၌ စာပေ၊ ရုပ်ရှင်၊ ဂီတတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စာဆိုဗိမာန်တည်ဆောက်ပြီးပါက အခန်းများဖွဲ့စည်းမှုနှင့် ခင်းကျင်းပြသမှုများအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး ညှိနှိုင်းဆွေးနွေးသည်။

ညနေပိုင်းတွင် တောင်ငူမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ရောက်ရှိပြီး ရေဝင်ရောက်စဉ်က တင်ကျန်ရစ်သောရွှံ့ညွန်များ ရှင်းလင်းပြီးစီးမှုနှင့် စက်ပစ္စည်းများ ပြန်လည်စစ်ဆေးပြုပြင်နေမှု၊ မူလလွှင့်စက်များပြုပြင်နေစဉ် ရုပ်မြင်သံကြားနှင့်ရေဒီယိုအစီအစဉ်များကို အရန်ထုတ်လွှင့်စက်များဖြင့် ထုတ်လွှင့်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် သန့်ရှင်းရေးနှင့်စက်ပြုပြင်နေကြသော အင်ဂျင်နီယာများနှင့် ဝန်ထမ်းများကို တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။             

သတင်းစဉ်

No comments:

Post a Comment