ရန်ကုန် အောက်တိုဘာ ၁၀
၁၃၈၆ ခုနှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းအမှတ် (၃၇) ကြိမ်မြောက် သက်ကြီးစာပေပညာ ရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ အသင်း အတွင်းရေးမှူးဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) နှင့် တွဲဖက်အတွင်းရေးမှူး (၃) ဦးအောင် ကြည် (အောင်ကြည်ညွန့် - တက္ကသိုလ်) တို့က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားကြသည်။
ထိုသို့လှူဒါန်းရာတွင်
သာကေတမြို့နယ် စာရေးဆရာအသင်းက အလှူငွေကျပ်ငါးသိန်း၊ ဦးစိုးမြင့်(စိုးမှူး)-ဒေါ်ကြည်ကြည်ခင်
(စိုးကြည်ဖြူ) သမီး-အကယ်ဒမီစိုးမြတ်သူဇာမိသားစုက ငွေကျပ် သုံးသိန်း၊ ဒေါပုံမြို့နယ်စာရေးဆရာအသင်းက
ငွေကျပ် ၂၂၅ဝဝဝ၊ မှော်ဘီမြို့နယ် စာရေးဆရာ အသင်းက ငွေကျပ် ၁၅ဝဝဝဝ၊ ဗဟန်းမြို့နယ် စာရေးဆရာအသင်းက
ငွေကျပ်တစ်သိန်းနှင့် သန်လျင်မြို့နယ်စာရေးဆရာအသင်းက ငွေကျပ် သုံးသောင်းတို့ လှူဒါန်းခဲ့ကြသည်။
အလှူရှင်များအနေဖြင့်
အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ အမှတ်(၁၇၃/၁၇၅)၊
(၇)လွှာ၊ ပန်းဆိုးတန်းလမ်း (အလယ်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၅၂၄၁၇၊
၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment