နေပြည်တော် အောက်တိုဘာ ၁၀
Khit Thit Media အမည် Facebook Page တွင် အောက်တို ဘာ ၆ ရက်က မုံရွာထောင်တွင် ဖမ်းဆီး အကျဉ်းကျခံနေရသော CDM ဝန်ထမ်းများကို ထောင်အာဏာပိုင်များက စစ်ကောင်စီ လက်အောက်တွင် တာဝန်ပြန်ထမ်းဆောင်ရန် အကျဉ်းဦးစီးဌာနက ဖိအားပေးစည်းရုံးနေခေါင်းစဉ် ဖြင့် သတင်းတု၊ သတင်းမှား ရေးသားဖော်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။
ဖြစ်စဉ်အား စိစစ်ရာတွင်
မုံရွာအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်သား၊ အကျဉ်းသူဟူ၍မရှိဘဲ တည်ဆဲဥပဒေတစ်ခုခုကို ချိုးဖောက်၍
တရားရုံးက ပြစ်ဒဏ်ပေးထားသော အကျဉ်းသား၊ အကျဉ်းသူများသာရှိပြီး ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား၊
အကျဉ်းသူများထဲတွင် CDM ပြုလုပ်ထား၍ ပြစ်ဒဏ်ကျခံနေရသည့် ဝန်ထမ်းများအား Non CDM ပြုလုပ်ရန်
ခြိမ်းခြောက်၍ လက်မှတ်ထိုးခိုင်းသည်ဆိုသည်မှာ မှန်ကန်မှုမရှိသည့်အပြင် ထောင်တာဝန်ခံအရာရှိသည်
၎င်းကိုယ်တိုင်ရေးသားထားသည့် CDM အမည်စာရင်းမှ ပယ်ဖျက်ခွင့်ပေးရန် အသနားခံစာကို CDM
ပြုလုပ်ပြီး ပြစ်ဒဏ်ကျခံနေသော အကျဉ်းသားများအား ၎င်းရုံးခန်းတွင် လက်မှတ်ထိုးခိုင်းသည်မှာ
မှန်ကန်မှုမရှိကြောင်း သိရသည်။
ထို့ပြင် အကျဉ်းထောင်တွင်
ပြစ်ဒဏ်ကျခံနေသည့် မည်သည့်အကျဉ်းသားကိုမဆို ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများနှင့်ပတ်သက်၍
ထောင်တာဝန်ခံအရာရှိအနေဖြင့် ရုံးခန်း၌ခေါ်ဆောင်၍ ဖိအားပေးခြိမ်းခြောက်လက်မှတ်ထိုးခိုင်းခြင်းမျိုးမရှိဘဲ
အကျဉ်းထောင်ဥပဒေစည်းမျဉ်း၊ စည်း ကမ်းအတိုင်းသာ နေထိုင်ရန် တိုက်တွန်းခဲ့ခြင်းသာရှိကြောင်း
သိရသည်။ ထို့ကြောင့် Khit Thit Media အမည်ခံ Facebook Page က ဖော်ပြမှုသည် ပြည်သူအများ
အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းနှင့် အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ်လုပ်ငန်းများကို
ထင်ယောင်ထင် မှားဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် သတင်းတု၊ သတင်းမှားဖော်ပြခြင်းသာဖြစ်သည်။
သစ္စာ
No comments:
Post a Comment