ရေပြန်လည်ကျဆင်းသွားသည့်နေရာများ၌ လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်း
နေပြည်တော်
အောက်တိုဘာ ၄
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင်လည်း
နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင်လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်တွင်လည်းကောင်း၊
ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင်လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင်လည်းကောင်း
စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများတွင်
လိုအပ်သည်များကူညီရွှေ့ပြောင်းပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊
လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့် နုန်းများ၊
သစ်ပင်သစ်ကိုင်းများ ဖယ်ရှားပေးခြင်းအပါအဝင် အခြားလိုအပ်သည်များကို
တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်
လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ တက်ကြွစွာ
ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင်
ယာယီရေဘေးရှောင်စခန်းများ၌ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးအဖွဲ့များက
လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေး
ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ထောက်ပံ့ပစ္စည်းများ၊ အဝတ်အထည်များ၊
အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို အားတက်သရော
ပေးအပ်လှူဒါန်းလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ
တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ရေးပစ္စည်းများနှင့်
ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းအပြင်
ရေကြီးမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း / တံတားများကိုလည်း
လမ်းပန်းဆက်သွယ်ရေး အမြန်ပြန်လည်ကောင်းမွန်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ
ပျက်စီးခဲ့သည့် လမ်း/တံတားများကိုလည်း ယာယီသံပေါင်ဘေလီတံတားများ အစားထိုး၍ အမြန်ဆုံးပြန်လည်ပြင်ဆင်
ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြုပြင်ရန်ကျန်ရှိနေသည့် တံတားများကိုလည်း
အမြန်ဆုံး ဆက်လက်ပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment