Thursday, October 3, 2024

ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (၂၀၂၄) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ


နေပြည်တော် အောက်တိုဘာ ၂

ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (၂၀၂၄) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။

ဗိုလ်လုပွဲတွင် ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်အသင်းနှင့် ဆေးတက္ကသိုလ်မကွေးအသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး ဆေးတက္ကသိုလ်မကွေးအသင်းက နှစ်ဂိုး- လေးဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကာ နေရာအလိုက် အကောင်းဆုံး အားကစားသမားဆု၊ နှစ်သိမ့်ဆု၊ တတိယဆုရရှိသူများကို ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဒုတိယဆုရရှိသည့်အသင်းကို ဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပထမဆုရရှိသည့်အသင်းကို ကျန်းမာရေးဝန်ကြီးဌာန တံခွန်စိုက်ဖလားနှင့် ငွေသားဆုကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment