Thursday, October 3, 2024

ကလေးမြို့နယ်ရှိကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူများထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ


နေပြည်တော် အောက်တိုဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် အောက်တိုဘာ ၁ ရက်က တင်သားကျေးရွာ၊ ကျောက်ဖူးကျေးရွာ၊ ဒိုးနွယ်ကျေးရွာနှင့် အရှေ့စီးကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်းနှင့် အဆိုပါပစ်ခတ်မှုကြောင့် ပြည်သူခြောက်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လှုံ့ဆော်ဝါဒ ဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ၎င်းရက်နေ့တွင် ကလေးမြို့နယ် ကျန်သာကျေးရွာကို PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်နယ်မြေလုံခြုံ ရေးဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းလုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများက PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင် အမြင်လွဲမှားစေရန် တစ်ဖက်သတ်စွပ်စွဲရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်းသိရသည်။

သတင်းစဉ်

No comments:

Post a Comment