Wednesday, October 2, 2024

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ကြည့်ရှုအားပေး

 



ပုသိမ် အောက်တိုဘာ 

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ  စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များဖြင့် စတင်ကောက်ယူဆောင်ရွက်နေပြီဖြစ်ရာ ဧရာဝတီ တိုင်းဒေသကြီးအနေဖြင့်လည်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်၊ ရပ်ကွက်(၃၀၂) ရပ်ကွက်၊  ကျေးရွာအုပ်စု(၁၉၂၀) အုပ်စုရှိ အိမ်ထောင်စုကောက်ကွက်ပေါင်း (၁၄၂၉၆ )ကွက်တွင် စာရင်းကောက်အဖွဲ့ပေါင်း( ၁၀၂၂) ဖွဲ့၊ စာရင်းစစ် (၁၁၅၀) ဦး၊ စာရင်းကောက်( ၄၃၂၈) ဦး စုစုပေါင်း(၅၄၇၈) ဦးအပြင် အထောက်အကူပြုအဖွဲ့များဖြစ်သည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် တိုင်းရင်းသားဘာသာရပ်သင် ဆရာ၊ ဆရာမ ၄၂၆ ဦးတို့ဖြင့် ရပ်ကွက်ကျေးရွာအသီးသီးတွင် တပြိုင်နက်ကောက်ယူလျက်ရှိရာ ထိုသို့ကောက်ယူနေမှုများကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးတို့သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့်အတူ လိုက်လံကြည့်ရှုအားပေးခဲ့သည်။

 


ဦးစွာ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ပုသိမ်မြို့၊ ဝန်ကြီးများအိမ်ရာဝင်းအတွင်း စတင်ကောက်ယူခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များမှ စာရင်းကောက်အဖွဲ့များ၏ သန်းခေါင်စာရင်းဆိုင်ရာအချက်အလက် မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ပေါ်ရှိ အမှတ်( ၃ )ရပ်ကွက်၊ အမှတ်(  )ရပ်ကွက်များရှိ နေအိမ်များ၌ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက   သန်းခေါင်စာရင်းကောက်ယူနေမှုများကို  လိုက်လံကြည့်ရှုအားပေးခဲ့ပြီး စာရင်းများမှန်ကန်မြန်ဆန်စွာကောက်ယူနိုင်ရေး၊ အချက်အလက်များ အမှားအယွင်းမရှိစေရေး ဂရုစိုက်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)

No comments:

Post a Comment