Monday, September 30, 2024

သာယာဝတီမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများ မိုးစပါးစိုက်ပျိုးထားရှိမှုကို တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

 

သာယာဝတီ စက်တင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစီမံကိန်းဆောင်ရွက်သော သမဝါယမအသင်းလေးသင်း၊ အသင်းသား ၂၄၇ ဦး၏ စိုက်ဧက ၂၀၀၀ အတွက် မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစုများ ပံ့ပိုးပေးထားကြောင်းနှင့် အောင်မြင်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးမြင့်ဦး၏ လယ်ဧက ၂၀ ရှိ ဗီယက်နမ် (ဆာဖိုးသာ) မျိုး မိုးစပါးစိုက်ပျိုး ထားရှိမှုအခြေအနေများကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment