မြန်မာနိုင်ငံသည် ၄-၃-၁၉၅၅ ခုနှစ်တွင် အဓမ္မခိုင်းစေမှုဆိုင်ရာပြဋ္ဌာန်းချက်အမှတ် ၂၉ ကို လက်ခံကျင့်သုံးလိုက်နာဆောင်ရွက်ခဲ့ပြီး အဓမ္မခိုင်းစေမှုပပျောက်စေရေးဆောင်ရွက်ရာ၌ မြန်မာနိုင်ငံအစိုးရကို ပိုမိုထိရောက်စွာအထောက်အကူပြုနိုင်ရန် ၂၀၀၂ ခုနှစ်တွင် ILO ဆက်သွယ်ရေးအရာရှိတစ်ဦးကို မြန်မာနိုင်ငံတွင် လက်ခံထားရှိရန် မြန်မာနိုင်ငံအစိုးရနှင့် ILO တို့အကြား နားလည်မှုစာချွန်လွှာတစ်ရပ် (Memorandum of Understanding-MoU) ကို လက်မှတ်ရေးထိုးခဲ့သည်။
နောက်ဆက်တွဲနားလည်မှုစာချွန်လွှာ
(Supplementary
Understanding-SU) ကို ၂၀၀၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး
အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား (Complaints Mechanism) ထူထောင်ကာ တိုင်ကြားချက်များကို လက်ခံဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား (National Complaints
Mechanism-NCM)ကို ၂၀၂၀ ပြည့်နှစ်တွင် ထူထောင်ပြီး
လည်ပတ်ဆောင်ရွက်ခဲ့ရာတွင် အလုပ်သမားဝန်ကြီးဌာနအပါအဝင်
သက်ဆိုင်သည့်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်၊ အလုပ်ရှင်နှင့်
အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော အမျိုးသားအဆင့်
အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေးအမျိုးသားကော်မတီမှ
အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဤကဲ့သို့
အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားချက်များကို
အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား (National Complaints Mechanism-NCM) မှ ဖြေရှင်းဆောင် ရွက်ပေးလျက်ရှိရာ မည်သူမဆိုအဓမ္မခိုင်းစေမှုဆိုင်ရာ
တိုင်ကြားမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊
နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ILO ဆက်သွယ်ရေးအရာရှိ ရုံး(ရန်ကုန်)နှင့် အခြားအဖွဲ့အစည်းများမှတစ်ဆင့်လည်းကောင်း၊
အလုပ်သမားဝန်ကြီးဌာနရုံးအမှတ်(၅၁) နေပြည်တော်သို့ လူကိုယ်တိုင် (သို့မဟုတ်)
စာဖြင့်လည်းကောင်း၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၁၈၄၊ ၀၆၇-၃၄၃၀၂၂၉၊ ၀၆၇-၃၄၃၀၂၇၄ နှင့် E-mail
လိပ်စာ directorgeneral.dol@gmail.com, moloffice
51@gmail.com, research. org.dol.mm@gmail.com များသို့လည်းကောင်း
တိုင်ကြားသူနှင့် အဓမ္မခိုင်းစေခံရသူများမှ လုံခြုံစိတ်ချစွာဆက်သွယ်တိုင်ကြားနိုင်ကြောင်း
ရုံးအဖွဲ့၊ အမျိုးသားအဆင့်အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားနှင့် အလုပ်သမားဝန်ကြီးဌာနမှ
အသိပေးကြေညာထားသည်။
No comments:
Post a Comment