Monday, September 30, 2024

ခိုင်ကမ်းမြို့၌ ဆည်ကြီးချောင်း သဘာဝရေပြင်သို့ နှစ်လက်မအရွယ် ငါးမျိုးများ စိုက်ထည့်

 


ခိုင်ကမ်း စက်တင်ဘာ ၂၉

ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ခိုင်ကမ်းငါးလုပ်ငန်းစခန်းမှ ခိုင်ကမ်းမြို့အနီး ဆည်ကြီးချောင်းသဘာဝရေပြင်အတွင်း ငါးမျိုးများစိုက်ထည့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီက အဆိုပါချောင်းအနီး၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ဆည်ကြီးချောင်းသဘာဝရေပြင်အတွင်းသို့ နှစ်လက်မအရွယ်ရှိ ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၁၀၀၀၀၀ နှင့် ငါးခုံးမကြီးသားပေါက်ကောင်ရေ ၇၇၀၀၀ စုစုပေါင်းကောင်ရေ ၁၇၇၀၀၀ ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment