အုတ်တွင်း စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျွဲပွဲ-မြို့စိုးတံတားတွင် ပိတ်မိနေသည့် ရေဘေးသင့်ပြည်သူများအား ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကူညီကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါကျွဲပွဲ-မြို့စိုးတံတားတွင် ပိတ်မိနေသည့်
ရေဘေးသင့်ပြည်သူများအား ကျွဲပွဲမြို့
မြို့အုပ်ချုပ်ရေးမှူး ဦးအေးဟန်၊ စိတ္တသုခရေဘေးကယ်ဆယ်ရေးစခန်း တာဝန်ခံ ကျွဲပွဲမြို့
လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်ဇော်မင်း၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊
လူမှုကူညီရေးအသင်းအဖွဲ့များမှ စိတ္တသုခ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ကူညီကယ်ဆယ်ပြောင်းရွှေ့
ပေးပြီး အဝတ်အထည်၊ အစားအသောက်နှင့် ကလေးကစားစရာအရုပ်များ ဝေငှပေးခဲ့ကြောင်း ကျွဲပွဲမြို့
အုပ်ချုပ်ရေးမှူးထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:
Post a Comment