နေပြည်တော် ဇွန် ၁၃
၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
အခမ်းအနားသို့
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊
မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊
ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ
တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ
တက်ရောက်ကြသည်။
ဦးစွာ
၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသားမီတာ ၂၀၀ လွန်းပျံအလွတ်ကူး
ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုနှင့် အမျိုးသမီးမီတာ ၂၀၀ လွန်းပျံအလွတ်ကူး ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုကို
ကြည့်ရှုအားပေးကြသည်။
ထို့နောက်
ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် Jeng Phang နော်တောင်၊
ဒေါက်တာစိုးဝင်းနှင့် ဒေါက်တာ မျိုးသိန်းကျော်တို့က အမျိုးသမီး မီတာ ၅၀ ရင်ပေါင်တန်းကူး
ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများ၊ အမျိုးသားမီတာ ၅၀
လိပ်ပြာကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများနှင့် အမျိုးသမီးမီတာ ၅၀
လိပ်ပြာကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့်
ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်နှင့် ဦးရွှေကြိမ်းတို့က
အမျိုးသားမီတာ ၅၀ အလွတ်ကူး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများနှင့် အမျိုးသမီး
မီတာ ၅၀ အလွတ်ကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့်
ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က အမျိုးသားမီတာ ၂၀၀ လွန်းပျံအလွတ်ကူးပြိုင်ပွဲတွင်
ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့်
တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
ဒေါက်တာဘရွှေက အမျိုးသမီး မီတာ ၂၀၀ လွန်းပျံအလွတ်ကူး ပြိုင်ပွဲတွင် ပထမဆုရရှိသည့်
ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့်
ပဲခူးတိုင်းဒေသကြီးအသင်းတို့ကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့်ဂုဏ် ပြုဆုငွေများ
ပေးအပ်ချီးမြှင့်သည်။
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က အကောင်းဆုံးအမျိုးသမီး
အားကစားသမားဆုနှင့် အကောင်းဆုံးအမျိုးသား အားကစား သမားဆုရရှိကြသူများကို
ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ပိုးရယ်အောင်သိန်းတို့က
အမျိုးသမီးတံခွန်စိုက် ဆုဖလားနှင့် အမျိုးသားတံခွန်စိုက် ဆုဖလားရရှိကြသည့် ရန်ကုန်တိုင်းဒေသကြီး
အမျိုးသမီးအသင်းနှင့် အမျိုးသားအသင်းတို့ကို တံခွန်စိုက်ဆုဖလားများ
ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး
ရေကူးပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းဒေသကြီး
အသင်းကို စုပေါင်းတံခွန်စိုက် ဆုဖလားပေးအပ်ချီးမြှင့် သည်။
ယခုကျင်းပသည့်
၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲကို ပြည်နယ်နှင့်တိုင်း
ဒေသကြီးများမှ လူငယ်များရေကူးအားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့်
မျိုးဆက်သစ်ရေကူးအားကစားလူငယ်များ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်၍ ဇွန် ၁၂ ရက်မှ ၁၃
ရက်အထိ ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment