နိုင်ငံနှင့် ဒေသ ၂၀၀ ကျော်ဖြင့်ဖွဲ့စည်းထားသည့် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံအား တိုးမြှင့်စောင့်ကြည့်ခွင့်ရှိသည့် နိုင်ငံနှင့် ဒေသများစာရင်းမှ စိစစ်ဆောင်ရွက်မှုပြုရန် တောင်းဆိုခြင်းခံရသည့် အန္တရာယ်မြင့်မားမှုရှိသော နိုင်ငံနှင့်ဒေသများစာရင်းသို့ ပြောင်းရွှေ့ထည့်သွင်းခြင်းခံရမှုအခြေအနေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် ယခုအခါ မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် တိုးတက်ဖြစ်ထွန်းမှုများ ပေါ်ထွက်လာပြီဖြစ်သည်။
မြန်မာနိုင်ငံသည်
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး(AML/CFT) လုပ်ငန်းများနှင့်
လူအများအပြားကို သေကျေစေသည့် လက်နက်များပြန့်ပွားရေး
ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းများကို (FATF) ၏
စံသတ်မှတ်ချက်များနှင့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG)၏ အကြံပြုချက်များအတိုင်း စဉ်ဆက်မပြတ် လိုက်နာအကောင်အထည်
ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံက အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်မှုများကြောင့်
ယခုကဲ့သို့ ရလဒ်ကောင်းများ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
ငွေကြေးခဝါချမှုနှင့်
အကြမ်းဖက်မှုများနှင့်ပတ်သက်သည့် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများကို
ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ၌ ငွေကြေးခဝါချမှု ကျူးလွန်ပုံနည်းလမ်းများမှာ
အိမ်ခြံမြေ၊ မော်တော်ယာဉ်နှင့် အဖိုးတန်ပစ္စည်းများ ဝယ်ယူခြင်းသည်
အများဆုံးဖြစ်ပြီး ယင်းတို့နှင့်ပတ်သက်၍ ငွေကြေးလဲလှယ်ခြင်း၊
ငွေသားပြောင်းလဲခြင်း၊ တရားဝင်နှင့် တရားမဝင်ငွေကြေးများရောနှော၍ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်း၊
အမည်ခံ၊ ဘဏ္ဍာထိန်းများ၊ မိသားစုဝင်များ သို့မဟုတ် တတိယအဖွဲ့အစည်းများအသုံးပြုခြင်း၊
သဏ္ဌာန်ဆောင်ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများ အသုံးပြုခြင်း၊ ငွေဆက်သား
ငွေကြေးမှောင်ခိုခြင်း၊ အင်တာနက်လောင်းကစားပြုလုပ်ခြင်း၊ ကုန်သွယ်မှုအခြေပြုငွေကြေးခဝါချခြင်းနှင့်
အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း၊ နိုင်ငံရပ်ခြားစီးပွားရေးလုပ်ငန်းများ
ပြုလုပ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို
ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းများ
အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုအစီရင်ခံစာများပြုစုပြီး အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ထံသို့
လေးလတစ်ကြိမ်ပေးပို့ခြင်း၊ ယင်းအဖွဲ့၏ မျက်နှာချင်းဆိုင်အစည်းအဝေးများသို့
မြန်မာကိုယ်စားလှယ်အဖွဲ့များ တက်ရောက်၍ ယင်းအဖွဲ့မှ အကဲဖြတ်သူများ၏
အကြံပြုချက်များနှင့်အညီ ရှင်းလင်းဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့သည်။
ရလဒ်ကောင်းများအနေဖြင့်
၂၀၂၁ ခုနှစ်တွင် လက်ငင်းရလဒ်နှစ်ခုဖြစ်သည့် ငွေရေးကြေးရေးမဟုတ်သော
စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက်
ကြီးကြပ်ရေးအာဏာပိုင်များ လုံလောက်စွာ ခန့်အပ်ခြင်းနှင့် ဘဏ်များကို
ကြီးကြပ်စစ်ဆေးခြင်း၊ ၂၀၂၂ ခုနှစ်တွင် လက်ငင်းရလဒ်တစ်ခုဖြစ်သည့်
လူအများအပြားသေကျေစေသည့်လက်နက်များ ပြန့်ပွားရေးကို
ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (PFTFS) အတွက် ကြီးကြပ်ရေးအာဏာပိုင်များအား
သင်တန်းပေးခြင်း၊ ၂၀၂၃ ခုနှစ်တွင် လက်ငင်းရလဒ်တစ်ခုဖြစ်သည့် PFTFS အတွက် သတင်းပို့အဖွဲ့အစည်းများအား အသိပညာပေးခြင်း၊ ကြီးကြပ်စစ်ဆေးခြင်း
နှင့် ၂၀၂၄ ခုနှစ်တွင် လက်ငင်းရလဒ်တစ်ခုဖြစ်သည့် ကျောက်မျက်နှင့် ရွှေရောင်းဝယ်
သူများ၊ အိမ်ခြံမြေကဏ္ဍတို့အား ဆုံးရှုံးနိုင်ခြေအခြေပြုကြီးကြပ်စစ်ဆေးခြင်း စသည့် စုစုပေါင်းလက်ငင်းရလဒ် ငါးခုကြောင့်
ကြီးစွာလိုက်နာဆောင်ရွက်ခြင်း အဆင့်သို့ တိုးမြှင့်ရရှိခဲ့သည်။
FATF က မြန်မာနိုင်ငံအပေါ် သတ်မှတ်ထားသည့် တိုးတက်ဆောင်ရွက်မှုများကို
စောင့်ကြည့်ရမည့်နိုင်ငံများနှင့်ဒေသစာရင်းမှ ပယ်ဖျက်နိုင်ရေးသည် အရေးကြီးသဖြင့်
တိုးတက်ဆောင်ရွက်နိုင်မှုများကို ပြသနိုင်ခဲ့သည်။ FATF က
သတ်မှတ်ထားသည့် အချက်များသည် သီးခြားအကြောင်းအရာများမဟုတ်ဘဲ အမျိုးသားအဆင့်
မဟာဗျူဟာတွင်ပါရှိသည့်အချက်များဖြစ်သည်။ မဟာဗျူဟာတွင်ပါဝင်သည့် အချက်များကို
အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် FATF ၏အကြံပြုချက်များကို
ဆောင်ရွက်ပြီးဖြစ်၍ နိုင်ငံတကာအလယ်တွင် မျက်နှာမငယ်ဘဲ
ပူးပေါင်းဆောင်ရွက်မှုများကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့်
တရားမဝင်ရယူထားသော ငွေကြေးပစ္စည်းများ နိုင်ငံတော်၏ ငွေရေးကြေးရေးစနစ်အတွင်း
ဝင်ရောက်ခြင်းမှ တားဆီးကာကွယ်ရန် ငွေကြေးခဝါချမှုနှင့်ဆက်စပ်သည့်
ပြစ်မှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူမှုများကို ဆောင်ရွက်လျက်ရှိရာ
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ
လုပ်ငန်းများအား သက်ဆိုင်ရာကဏ္ဍအလိုက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။
။
No comments:
Post a Comment